“ အေးပါဟ။တိုးတိုး ငါနားကောင်းသေးတယ် ။အကျယ်ကြီးအော်နေတာသူများတွေမြင်ရင်ရှက်စရာ ”
“ အေး။မျက်လုံးကတော့ကန်းတော့မှာလေ ”
Chaeyoung မျက်စောင်းထိုးပြီးပြောလိုက်တယ်။မှတ်ပလား lalisa ရ။
“ အကောင်းပြောစမ်း။ငါလိုက်ပေးထားတာကိုကျေးဇူးအရင်တင်အုံး ”
Lisa ရှေ့မှာချထားတဲ့ဖက်ထုတ်ကြော်ကို
ယူစားရင်းပြောလိုက်တယ်။
“ အမလေးဟယ်။နင်ဝယ်တာကများများပါ ”
“ ဘာဖြစ်တုန်း။လိုလို့လေ ”
Lisa မျက်မှောင်ကြီးကျုံ့ရင်းပြောလိုက်တယ်။
“ ပြီး....ပြီးရော... ”
Chaeyoung စကားပြောတာထစ်ဆက်မပြောတော့ပဲတစ်နေရာကိုငမ်းနေတာကြောင့် Lisa လှည့်ကြည့်လိုက်တော့ Lisa မျက်လုံးပြူးသွားတယ်။ပါးစပ်ကလည်းတိုးတိုးလေးရေရွတ်မိတယ် ‘ မ ’ ဆိုပြီး။သူ အရမ်းတွေ့ချင်နေတဲ့မျက်နှာလေး။အခုတော့သူရှေ့ကိုရောက်လာပြီ။လှလိုက်တာ မ ရယ်။ဘယ်လောက်တောင်ပြုံးနေရတာပဲပါးလေးတွေလုံးတက်လို့။တစ်ဆက်ထဲမှာပဲ မ ဘေးမှာထိုင်နေတဲ့အမျိုးသမီးတစ်ယောက်ကြောင့် သူ အစွမ်းကုန်မျက်မှောင်ကျုံ့လိုက်တယ်။ မ ကအဲ့ဒီအမျိုးသမီးကြောင့်ရယ်နေတာတဲ့လား။ Lisa ချက်ချင်းပဲသူ့ မမ ဆီထသွားလိုက်တယ်။ Chaeyoung မှာတော့ ငမ်းနေရင်း Lisa ကြောင့်ကြောင်သွားပြန်တယ်။ဘာအရူးထပြန်ပြီလဲမသိဘူး။
“ ဟဲ့။ ဟဲ့ နေအုံးလေ ဘယ်သွားမလို့တုန်း ”
Chaeyoung Lisa နောက်ကနေမြန်မြန်လိုက်သွားရတယ်။အမလေး ခြေလှမ်းတစ်လှမ်းကို bam bam အရပ်လောက်ရှိတယ်။>.<
“ မ ”
“ ဟင် ”
Jen မမ နဲ့စကားပြောနေတုန်း ခေါ်လိုက်တဲ့အသံကြောင့် ကိုယ် လေးတစ်ချက်တုန်သွားကာသူ့အသံကိုရင်းနှီးသလိုရှိနေတာကြောင့်မော့ကြည့်လိုက်တော့သေချာပေါက် ban ပဲပေါ့။ဘယ်ကနေဘယ်လိုရောက်လာတာလဲမျက်နှာကလည်းဘာတွေအလိုမကျနေမှန်းမသိ။မျက်မှောင်လေးကလည်းကျုံ့လို့။ပြီးတော့ သူ့ ဘေးမှာကောင်မလေးတစ်ယောက်။ဘာတွေလဲ။
part_8
Start from the beginning
