“ ဟဟ။မမ အဝတ်စားလေးလဲပြီးရင်ပြီးပါပြီရှင် ”

“ ဟီးး။ဟုတ်ကဲ့ ”

Jisoo ဘာတွေအလျှင်လိုနေမှန်းမသိတဲ့ Jen ကြောင့်မြန်မြန်ပြင်လိုက်ကာဗီရိုထဲကအဝတ်လေးထုတ်ပြီးမြန်မြန်လဲလိုက်ရတယ်။

“ ကဲ ပြီးပြီ သွားကြရအောင် ”

ညီမနှစ်ယောက်လက်ချင်းတွဲပြီးအောက်ထပ်ကိုအတူဆင်းလာကြတယ်။ပြီးတော့ ဖေဖေ နဲ့ မေမေ ကိုနှုတ်ဆက်ပြီးထွက်လာခဲ့လိုက်ကြတယ်။အခုတော့ Jen မျက်နှာလေးကခုနကနဲ့လားလာမှမတူပြုံးရွှင်လို့။

-----

“ ဖြည်းဖြည်းမောင်းပါဟ။ငါဂိမ်းဆော့ရတာအာရုံနောက်လာပြီ ”

Chaeyoung ကလိုတာလေးတွေကိုဝယ်ချင်လို့ဆိုပြီး Lisa ကိုခေါ်လာခြင်းကြောင့်ဘေးကနေငုတ်တုတ်ကြီးဂိမ်းဆော့ရင်းလိုက်လာတဲ့ Lisa ။

“ ဟဲ့။အဲ့ဖုန်းကြီးချထားစမ်းပါအုံး နင့်ကြည့်ရတာလည်းဖုန်းကိုအခုမှကိုင်ဖူးတာကြနေတာပဲ တကယ်ပါပဲ ”

“ Chaeyoung ရာငါအမြဲတမ်းဒီလိုပဲကိုအပိုတွေပြောနေတယ်။မောင်းစရာရှိတာသာအေးဆေးမောင်း။ဖြည်းဖြည်းမှန်မှန်ပဲမောင်း။ငါ ဒီတစ်ပွဲပဲ။တော်ပြီ ”

“ အော်။အေးပါ ”

Chaeyoung ရွဲ့ပြီးးပြောလိုက်တယ်။ဒီတစ်ပွဲ ဒီတစ်ပွဲ နဲ့ဆယ်ပွဲလောက်ရှိနေပြီ။

-----

“ တော်တော့လေ jen ရဒီမယ်သယ်ရတာ မမ အရမ်းလေးနေပြီ ”

“ ဟီးး။ဒါလေးပါပဲတော်ပါပြီ မမ ရဲ့ ”

နာရီလေးရွေးနေရင်းနောက်လှည့်ပြီးပြုံးပြလာတဲ့ Jen ။

“ လုပ် လုပ်။ မမ ဗိုက်လည်းဆာနေပြီမိုလို့ ”

“ ဟုတ်။ဟုတ် ”

------

“ ရားး!!!! အဲ့ဖုန်းကိုချပြီး ရှေ့ကချထားတဲ့မုန့်ကိုသေချာစားစမ်းပါ lalisa ရ ”

Chaeyoung ဝယ်စရာရှိတာဝယ်ပြီးဗိုက်ဆာလာတာကြောင့်တစ်ခုခုစားဖို့ဆိုင်တစ်ဆိုင်မှာဝင်ထိုင်လိုက်တယ်။ဒါကိုဖုန်းကိုသည်းကြီးမည်းကြီးကြည့်နေတဲ့ lalisa ကြောင့် Chaeyoung မှာအော်ရပြန်တယ်။

Mg's Ruby Where stories live. Discover now