Chapter 29 (Part 2)

Start from the beginning
                                    

" ရှန်မင်အန် "

အဲ့ဒါကိုကြားတော့ ကျန်းကျားဝမ်က ပြုံးသွားပြီး "ဒါဆိုရင်တော့ မင်းက တော်တော်လေး ကံမကောင်းတာပဲ.."

သူမ ဘာကို ရည်ညွှန်းပြီးပြောလဲဆိုတာ နန်ဟွိုင်လင် အကျိုးသင့်အကြောင့်သင့် ခန့်မှန်းမိလိုက်တော့ မလှမပပြုံးမိသွားတယ်။ ဘာမှတော့ ထပ်မပြောတော့ဘူး။

သိပ်မကြာခင်မှာ ရှန်ချုန်းနှင့် မာရှောင်ဟွမ်းက ရှေ့ဆင့်နောက်ဆင့် ရောက်လာကြတယ်။ နောက်ထပ် ဒါရိုက်တာလော့ခဲ့သာ ရောက်ရင် အခန်းအနားက စတင်လို့ ရပြီ။

10နာရီထိုးသွားတော့ ဒါရိုက်တာလော့ခဲ့က သရုပ်ဆောင်လေးယောက်နှင့်အတူ စဥ်ပေါ်ကို တက်လာပြီး ချထားတဲ့ ထိုင်ခုံတွေမှာ အသီးသီးနေရာယူတယ်။ လော့ခဲ့က အလယ်မှာ ထိုင်ပြီး သူ့ရဲ့ ဘယ်ဘက်မှာ ရှန်ချုန်းနှင့် နန်ဟွိုင်လင်ထိုင်ကာ ညာဘက်မှာ မာရှောင်ဟွမ်းနှင့် ကျန်းကျားဝမ် ထိုင်နေတယ်။ စဥ်အောက်မှာလည်း သတင်းထောက်တွေက ဆယ်ယောက်မကဘူး။ တော်တော့်ကိုလျော့တွက်လို့မရတဲ့ ကစားပွဲတစ်ခု စတော့မဲ့ပုံမျိုးပဲ..

နန်ဟွိုင်လင်ရဲ့ လက်တွေက မသိမသာ စပြီးတုန်ယင်နေတယ်။ စိတ်ရှပ်ထွေးတာထက် စိတ်တွေအရမ်းလှုပ်ရှားနေတာ။

အဲ့တာကို ရှန်ချုန်းက သတိထားမိသွားတာထင်တယ်။ သူ့အနားကိုတိုးကပ်ပြီး မကြားတကြားပြောလာတယ်။

"မကြောက်နဲ့...အကိုချုန်းက မင်းကို ကာကွယ်ပေးမယ်.."

နန်ဟွိုင်လင် ပြုံးပြပြီး ပြန်ပြောလိုက်တယ်။ "ကျေးဇူး...."

မိတ်ဆက်ပွဲရဲ့ ပထမဆုံး 10မိနစ်လောက်သာ ကြယ်နိုင်ငံအကြောင်း ပြောတာနဲ့ကုန်ဆုံးသွားတာဖြစ်ပြီး ကျန်တဲ့အချိန်တွေ သတင်းထောက်တွေရဲ့ ဇာတ်လမ်းနဲ့မပတ်သတ်တဲ့ မဆီမဆိုင်မေးခွန်းတွေကြားမှာ ကုန်ဆုံးနေတယ်။ ရှန်ချုန်းနှင့် မာရှောင်ဟွမ်းရဲ့ တိတ်တခိုးသတင်းတွေ၊ ကျန်းကျားဝမ်ရဲ့ လိင်ကိစ္စအနှောင့်အယှက်ပေးခံရတဲ့ ကိစ္စသာမက ဘယ်ကမှန်းမသိတဲ့ လော့ခဲ့ရဲ့ မင်းသမီးတစ်ယောက်နဲ့ ကိစ္စပါ, ပါသေးတယ်။ အဲ့ဒီနေရာမှာ နန်ဟွိုင်လင်တစ်ယောက်တည်းကပဲ အပြင်လူလိုပဲ။ သူ ဘယ်သူလဲဆိုတာ ဘယ်သူမှ ဂရုမစိုက်ကြသလို၊ ဘယ်သူမှလည်း သူ့အကြောင်း မေးခွန်းမမေးဘူး။ နန်ဟွိုင်လင် အဲ့နေရာမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ပြုံးနေရတာ မျက်နှာပေါ်က အကြောတွေတောင် တောင့်နေပြီ။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now