" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL Part - 14 ) 🔞🔞🔞

139 10 4
                                    

ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား

           အခန်း ( ၁၄ ) 🔞🔞🔞

       နှစ်ယောက်သား ကားလေးနှင့် မောင်းလာနေတာ နာရီတွေအတော်လေးကြာနေပြီ။

" ကောင်း ဘယ်ကိုမောင်းနေတာလဲ "

" ခင်ဗျားပြောတော့ ဘယ်ကိုမောင်းမောင်းဆို ဘာလဲ ကြောက်နေတာလား "

" မဟုတ်ပါဘူးကွာ မောင်းနေတာကြာတော့ ဘယ်ရောက်နေလဲ သိချင်လို့ပါ "

" နောက် နှစ်နာရီလောက် ထပ်မောင်းရင် ရောက်ပြီ "

" မျက်နှာက အတော်လေး နာနေတာမဟုတ်လား ဆေးဆိုင်တစ်ဆိုင်ဆိုင်မှာ ဆေးဝင်ဝယ်ရအောင်လေ "

" ရပါတယ် ယောက်ျားပဲ ဒီလောက်က ဘာမှမဟုတ်ပါဘူး "

" မဟုတ်စရာလား ကောင်းမျက်နှာမှာ အတော်လေး နာနေတာ ကိုယ်တွေ့နေတာပဲကို ကဲပါ မြို့ထဲဝင်ရင် ဆေးဆိုင်အရင်ရှာကွာ "

" ကိုကို "

" ဟင် အဲ ဗျာ "

" ကိုကို ညီ့ကိုဖက်ထားပေးပါလားဗျာ "

       ရုတ်တရက် ကောင်းတစ်ယောက် သူ့အား ဖက်ထားပေးဖို့ပြောဆိုပြီး ဝမ်းနည်းစွာနဲ့ ငိုလေတော့သည်။ တော်ရုံနှင့် မငိုတက်သော ကောင်းသည် အခုချိန်မှာ ဘယ်လောက်တောင် ခံစားနေရလဲဆိုတာ မတွေးဘဲနှင့်တောင် သိနိုင်လေတော့သည်။ ကောင်းလည်း ကားလေးကို လမ်းဘေးတစ်နေရာကို ထိုးချလိုက်သည်နှင့် ဝန်းရံခသည်လည်း ကောင်းညို့မာန်အား ရင်ခွင်ထဲထည့်ကာ ဆွဲဖက်လိုက်လေတော့သည်။

  " ကောင်း ဘာမှမဖြစ်ဘူးနော် ကိုကို ဘေးမှာရှိတယ်နော် ကောင်းအရမ်းခံစားနေရရင် အားရပါးရ ငိုချလိုက် ကိုကိုဘေးမှာ ဖက်ထားပေးမယ် "

      ဒီတစ်ခါတော့ ကောင်းတော်တော်လေး စိတ်လွတ်ကိုယ်လွတ်ငိုလိုက်တာလို့ ပြောလို့ရပေသည်။ သူလည်း ကောင်းကိုဖက်ထားပေးရင်း ကောင်းရဲ့နဖူးလေးကို နမ်းပေးလိုက်သည်။

" ကိုကို ညီ့ကို နမ်းတယ် ဟုတ်လား "

    ကောင်းသည် ဝမ်းသာအားရနှင့် သူ့အားပြောလေတော့သည်။

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " Where stories live. Discover now