"တပ်ဖွဲ့ချုပ် ဒီစာချုပ်မှာ မည်သူ မည်ဝါဆိုပြီး တစ်ဖက်က ရွေးချယ်မထားဘူး!"

            "ဟုတ်တယ် တမင်မရွေးချယ်ထားတာ ။ မြန်မာနိုင်ငံ အနေအထားနဲ့ ဒီဘက်က အဆင်ပြေမယ့် သူကိုသာ ရွေးချယ် လွှတ်ပေးပါဆိုလို့ အထက်က မင်းကို ဒီအလုပ်လက်ခံနိုင်မလား ဆိုတာ အရင်မေးခိုင်းလိုက်တာ ။မင်းရဲ့ ကိုယ်ရေးရာဇဝင်ကို ကြည့်ပြီး သူတို့ ဆုံးဖြတ်တာဖြစ်မယ်။ မြန်မာဆိုတော့ မင်းနဲ့ ပိုပြီးနီးစပ်တယ်လို့လေ။မင်းဘယ်လို သဘောရလဲ။ဒီအလုပ်ကို လက်ခံမလား/ငြင်းဆန်မလား...။စဉ်းစားချိန်တော့ သိပ်မရှိဘူး ။ ဘာလို့ဆို ဟိုဘက်က အရမ်းအလျင်စလို ဖြစ်နေလို့...။"

             မြန်မာပြည်ဆိုသည်မှာ ငယ်ငယ်က မိမိမွေးဖွားခဲ့သည့် အမိမြေဖြစ်သောကြောင့် သွားရောက်ဖို့ ဆန္ဒရှိပါသည်။မိုမိုနဲ့ လက်ထက်ပြီးလျှင် ဟန်းနီးမွန်းခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို သွားဖို့ သူရွေးချယ်ထားခဲ့ဖူးသည်။ယခုတော့ မိုမို သူ့အနားက ထွက်သွားတာ ၃နှစ်ရှိခဲ့ပြီဖြစ်ပြီး ဂျပန်မှာ ရှိနေတဲ့သူ့အတွက် နေရာတိုင်းက မိုမိုကိုပဲ သတိရလွမ်းဆွတ်စေသည့် အမှတ်တရတွေကြည်ပင်...။ လွမ်းဆွတ်မှုတွေဟာ ကြာလာတော့ သူ့ကို စိတ်ညစ်စေဖို့ ဖိအားတစ်ခုလိုဖြစ်လာခဲ့သည်။ မိုမိုကို မချစ်တော့လို့ မဟုတ်ပေမယ့် ထိုစိတ်ညစ်စေတဲ့ ဖိအားတွေကနေ သူလွတ်မြောက်ချင်လာသည်။ရုန်းထွက်ကြည့်ချင်သည်။ထို့ကြောင့် သူငြင်းဆန်မနေတော့...

           "ကျွန်တော် လက်ခံပါတယ် တပ်ဖွဲ့ချုပ်..."

        သူ၏အဖြေကြောင့် တပ်ဖွဲ့ချုပ် ခတ္တမျှ တိတ်ဆိတ်ကာ ...
အဖြေကို ပြန်ပြင်ဆင်ဦးမလားဆိုသည့် ပုံစံဖြင့် ဇိုင်းခန့်မျက်နှာကို အချိန်အနည်းငယ် ကြာသည်အထိ စိုက်ကြည့်ပြီးကာမှ...

            "ဟုတ်ပြီ ဒါဆို မင်း ၂ရက်အတွင်း မြန်မာနိုင်ငံကို သွားဖို့ပြင်ဆင်ရလိမ့်မယ်"

           "ဟုတ်ကဲ့ပါ တပ်ဖွဲ့ချုပ်"

           "ရော့...စာချုပ်ထဲမှာ လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ပြီး confirmလုပ်ကြောင်း 
မင်းရဲ့ နာမည်ရေးပြီး လက်မှတ်ထိုးလိုက်...ငါတစ်ခါတည်း အထက်ကို တင်ပြဖို့ စာချုပ် ယူသွားမယ်"

မာနလေးရဲ့ကိုယ်ရံတော်Where stories live. Discover now