" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL Part -13 )

101 8 2
                                    

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား "

             အခန်း ( ၁၃ )

" ဖေဖေ သား ဖေဖေနှင့် စကားပြောစရာရှိတယ် "

     ကောင်းညို့မာန်တစ်ယောက် ဖခင်ဖြစ်သူ ဦးကောင်းသစ်အား စကားပြောဖို့ရာ စလိုက်ခြင်းပါ။

" ဟ ငါ့သားက ထူးထူးဆန်းဆန်း ဘာများပြောမလို့လဲ ပြောလေ သားရ "

" ဖေဖေက ကိုဝန်းရံခနှင့် သုံးပန်လှတို့ကို မင်္ဂလာဆောင်ဖို့ ဖိအားပေးနေတာဆိုတာ ဟုတ်လား "

" ဖိအားပေးတာတော့ မဟုတ်ပါဘူးသားရာ လူငယ်ချင်းလည်း သင့်မြတ်တယ် ဝန်းရံခရဲ့ မိဘတွေကလည်း ဖေဖေနှင့် ဘယ်လိုပက်သက်လဲ သားသိနေတာပဲ ပြီးတော့ သမီးလေး ပန်ပန်လည်း အရွယ်ရောက်နေပြီဆိုတော့ သူအမေလည်း စိတ်အေးချင်ရှာတယ်လေ အဲတော့ နေရာချထားပေးကြတာ နှစ်ဖက်လူကြီးတွေလည်း အဆင်ပြေသလို ကလေးချင်လည်း အဆင်ပြေနေတာပဲ "

" ကလေးချင်း အဆင်ပြေတယ်ဆိုတာ ဘာကိုပြောတာလဲ သူတို့တကယ်အဆင်ပြေ မပြေ ဖေဖေသိလို့လား "

" ဟ အဆင်မပြေရအောင် ဘာမှလည်း မကြားမိပါဘူးကွာ "

" ဖေဖေ "

" ပြော "

" သူတို့မင်္ဂလာကိစ္စကို ဖေဖေက ပြန်ဖျက်ပေးပါ "

" ဟေ ဖျက်ပေးရမယ် ဟုတ်လား ဖေဖေက ဘာကြောင့်ဖျက်ပေးရမလဲ ကာယကံရှင်နှစ်ယောက်နဲ့ သူတို့မိသားစုကတောင် ဘာမှ‌မပြောကြတာ ဖေဖေက ဘာကိုဖျက်ရမှာလဲ "

" အဲ ကာယကံရှင်တွေက ဘယ်တော့မှပြောလာမှာ မဟုတ်လို့ပဲ ဒါကြောင့် သားကပြောနေရတာ "

" သား မင်း မဆိုင်တာတွေ ဝင်မပါစမ်းပါနဲ့ ငါ့သားအကြောင်း ဖေဖေသိတယ် ဖေဖေကသားကို အလိုလိုက်ထားပေမဲ့ အခုလိုမျိုး ကိစ္စတွေကို ခွင့်မပြုနိုင်ဘူး "

" ဖေဖေကိုသားလည်း ပြောမယ် ဖေဖေ ဒီကိစ္စကို မဖျက်ရင် သားက ရအောင်ကိုဖျက်မှာနော် ပြောပြီးသားပဲ ကောင်းတဲ့တစ်ကောင်းတည်းရှိတယ် "

" မင်း "

" မပြီးသေးဘူး မေမေ့ကိစ္စ အခုမေမေကိစ္စကို သားပြန်လိုက်နေသေးတယ် ဒီလောက်ဆို ဖေဖေသဘောပေါက်ပါ "

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " Where stories live. Discover now