..........……………….…………

                 အသက်ရှူသံပြင်းပြင်းတို့က ဒေါသကိုဖြေပျောက်နေသည်ထင်၏။၀င်‌သက်ထွက်သက်ပြင်းပြင်းတို့ကြောင့် အနီးအနားရှိသူသည်ပင်စကားမပြောရဲသည့်အထိ ပတ်၀န်းကျင်၏လေထုကအေးစက်နေ၏။ပြင်းရှသော သက်ပြင်းချသံအဆုံးတွင် ဒေါသတို့ကိုလွှတ်ချလိုက်ဟန်ရှိသည်။

            သုတသည် သူ့ဆရာဖြစ်သူအဂ္ဂကို မြေနေရာလေ့လာရန်သွားရမည့်အကြောင်းသတိပေးသည့်အနေဖြင့် ချောင်းတစ်ချက်ဟန့်လိုက်ရင်း.........

"အဟမ်း! ဆရာ ကျွန်တော်တို့....."

"အင်း ငါသိတယ်သုတ။မင်းကိုမြေနေရာစုံစမ်းခိုင်းတာဘယ်လိုလဲ"

ကားပေါ်တက်တက်ချင်း ‌ကားနောက်မှီကိုမှီနေရင်းမေးလိုက်ခြင်းဖြစ်သည်။

"ကျွန်တော်ခြံတစ်ခြံတွေ့ထားပါတယ်။ညောင်ဦးမြို့ညဈေးတန်းလမ်းအမှတ်၁၃ဘက်ကခြံ အမှတ်၁၉၊ညောင်ဦးတရားရုံးခေါင်းရင်းကခြံပါဆရာ။အဲ့ခြံကလောလောဆယ်အရမ်းကောင်းတဲ့အနေအထားရှိတယ်ဆရာ"

"သုတ"

သူ့ဆရာ၏ခေါ်သံကြောင့် ကားမောင်းနေရင်းမှသုတထူးလိုက်သည်။

"ငါပြောတာကို မင်းအမြဲတမ်းမှတ်ထား။နောက်နှစ်တွေအကြာကြီးကြာလို့ ငါ့ဆီကနေခွဲထွက်ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့အခါ ငါပြောတာတွေကအသုံး၀င်လာလိမ့်မယ်"

သုတအပေါ်အကောင်းဆုံးသူကိုပြောပြပါဆိုလျှင် ဆရာ့ကိုသာလက်ညှိုးထိုးပြရလိမ့်မည်။အဂ္ဂ၏မိဘများသည် အလုပ်ကိစ္စဖြင့်မန္တလေးသို့သွားပြီးအပြန်တွင် ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမကြီး၏ဘေးရှိခြုံပုတ်တစ်ခုအနီးတွင် သတိလစ်နေပြီဖြစ်သောသုတကို တွေ့ခဲ့ခြင်းဖြစ်သည်။ထိုစဉ်ကသုတသည် ခြောက်နှစ်သားမျှသာရှိသေးသည်။အဂ္ဂကသုတထက်သုံးနှစ်သာကြီးသည်။

သုတကိုအဂ္ဂနှင့်အတူတူပညာသင်စေပြီး တန်းတူအခွင့်အရေးများပေးခဲ့သည်။အဂ္ဂနှင့်သုတကို နိုင်ငံခြားသို့ပညာသင်လွှတ်လိုက်ပြီး အဂ္ဂသည်တက္ကသိုလ်ကျောင်းသားနောက်ဆုံးနှစ် သုတကပထမနှစ်တွင် အဂ္ဂ၏မိဘများကကားအက်ဆီးဒင့်ကြောင့်ဆုံးပါးသွားခဲ့သည်။မိဘများသေဆုံးရခြင်းသည် မတော်တဆမှုမဟုတ်ဘဲ တမင်ကြံစည်ခြင်းဖြစ်ကြောင်း သိသောအခါ မြန်မာနိုင်ငံသို့ပြန်လာပြီး မိဘများ၏လုပ်ငန်းများကိုတိုးချဲ့ခဲ့သည်။

ချစ်ခြင်းတည်စေWhere stories live. Discover now