" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL Part 12 )

107 8 3
                                    

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား "

အခန်း ( ၁၂ )

ဝန်းရံခတစ်ယောက် သုံးပန်လှကို ခေါ်ပြီ ဈေးဝယ်စင်တာတစ်ခုသို့ အတူထွက်လာကြသည်။ သူ့အကြံအတိုင်း Amy ကိုပါခေါ်လာသေးသည် ဒါကို Amy ကိုယ်တိုင်တော့ သဘောပေါက်ပေမဲ့ သုံးပန်လှကတော့ သိပ်သဘောပေါက်ပုံတော့ မပေါ်။ သုံးယောက်သား ပျော်ပျော်ရွှင်ရွှင်လေး ထွက်လာကြပြီး စင်တာလေးမှာ လိုချင်တာလေးတွေလိုက်ကြည့် ပျော်ပျော်လေးပဲ ထွက်လာကြသည်။ ကုန်တိုက်လေးကလည်း ရုံးပိတ်ရက်မို့ လူတွေက စည်ကားလှသည်။

" ကိုဝန်းရံခ ဟိုနေရာက ပြင်ထားတာလေးအရမ်းလှတာပဲ Amy တို့ကို ဓာတ်ပုံရိုက်ပေးပါလား "

" ရတာပေါ့ကွာ လာလာ "

" ပန်ပန်သွားရအောင်လေ အဲဖက်ကို "

" အင်း "

ဝန်းရံခလည်း သူ့ဖုန်းကင်မရာလေးနဲ့ပင် ရိုက်ပေးလေတော့သည်။ ဒါကလည်း သူ့အကြံလေးရှိနေလို့ပါ။

" ကဲ Amy တို့ကိုချည်းရိုက်ပေးနေတာ လာလာ ကိုဝန်းရံခနဲ့ ပန်ပန်ကို ရိုက်ပေးမယ် "

" အဆင်ပြေပါ့မလား ပန်ပန်က "

" အို ဘာမပြေစရာရှိလဲ ကိုဝန်းရံခကလည်း စေ့စပ်ထားကြတဲ့လူတွေပဲ အခြားသူမှမဟုတ်တာ "

Amy အပြောလေးက သူ့ကိုပို၍ သဘောကျစေသည် သူလိုချင်တာလည်း အဲစကားလေးပါပဲ။

" အင်း ဟုတ်သားပဲ ပန်ပန် ကိုယ်တို့ရိုက်ကြမယ်နော် "

" ရပါတယ် ပန်က အဆင်ပြေတယ် ကိုဝန်းရံခကသာ "

" ပြေပါတယ် "

Amy လည်း ဖုန်းကင်မရာလေးနဲ့ တစ်ဖျတ်ဖျတ်ရိုက်ရင်း သုံးယောက်သား အပုံလေးတွေပြန်ကြည့်ရင်း ပြုံးလိုက်ကြသည်။ သို့ပေမဲ့ အပြုံးလေးတွေက တစ်ယောက်တစ်မျိုးစီနဲ့ အဓိပ္ပါယ်တစ်မျိုးစီ ရှိနေတာတော့ သူတို့သာ အသိဆုံးပင်။

" ပန်က ဒီလိုမျိုးလေးကျတော့ ဖန်ရှင်ကျပြီး ချစ်စရာလေးကောင်းနေရော "

" ပန်ကချစ်ဖို့ကောင်းပေမဲ့ ဘယ်သူမှမချစ်ရဲကြဘူး ကိုဝန်းရံခရဲ့ "

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " Where stories live. Discover now