" ကျွန်တော့ကို အလုပ်ခန့်အပ်ပေးတဲ့အတွက် ကျေးဇူးပါအကိုကြီး … ကျွန်တော်အကောင်းဆုံးလုပ်ဆောင်ပါ့မယ်လို့ ကတိပေးပါတယ် "

" ဒါနဲ့မပြီးသေးဘူး … အလုပ်စဝင်တာနဲ့ မင်းနဲ့ရန်အာ အခန်းငှားနေစရာမလိုဘူး … မင်းအိမ်မင်း ပြန်နေလို့ရတယ် "

" ဗျာ … ကျွန်တော့ရဲ့အိမ်  "

" မင်းရဲ့အိမ်တော်ကို အဖေကပြန်သိမ်းခဲ့တာဆိုပေမဲ့ ခုမင်းကိုပြန်ပေးတယ် … အဲ့ဒိအိမ်ကို ဒီတိုင်းပြစ်ထားရမှာတူတူ ထိန်းသိမ်းမဲ့လူတစ်ယောက်ကိုပေးလိုက်တာက အကျိုးရှိတယ် … မင်းတို့ဟိုးအဝေးကြီးမှာ နေစရာမလိုဘူး … ငါကတိပေးထားတဲ့အတိုင်း မင်းတို့ကိုငါကိုယ်တိုင် တရားဝန်လက်ထပ်ပေးပြီး မင်းရဲ့အိမ်တော်ကိုလက်ဖွဲ့ပေးမယ် … မင်္ဂလာဆောင်ပြီးရန်အာနဲ့အတူ မင်းရဲ့အိမ်တော်မှာပဲပြန်နေကြ … ကျေးဇူးဆပ်ချင်ရင်တော့ မင်းမိသားစုအတွက်အလုပ်ကိုပိုကြိုးစားပြီးလုပ် … ရန်အာကိုလဲဂရုစိုက် … နောက်ထပ်အမှားတွေထပ်မလုပ်မိစေနဲ့ "

မာနထောင်လွှားတတ်တဲ့သခင်လေးက ခုတော့ထိန်းမနိုင်အောင် မျက်ရည်တွေစီးကျလာတယ် … သူ့အမှားတွေအတွက် တောင်းပန်ရန်ပင် စကားလုံးရှာမတွေ့တော့ပေ … ရှုမန်းက ဘာမှပင်မပြောနိုင်တော့ပဲ ခုံပေါ်ကနေထကာ ဖန်းဂူအရှေ့မှာ ဒူးထောက်ချလိုက်တယ် … ရုတ်တရပ်မို့ ဖန်းဂူလဲ ကြောင်အမ်းသွားတယ် …

သူ့အပေါ် ယခုလိုသဘောထားကြီးကာ ခွင့်လွှတ်ပေးတဲ့အပြင် ဂရုစိုက်ပေးတဲ့မိသားစုအပေါ် သူ့အသက်နဲ့ရင်းပြီး သစ္စာရှိကာ အလုပ်ကိုလဲကြိုးစားပါ့မယ်ဟု ကတိပြုလိုက်တယ် …

" ရန်အာနဲ့ကျွန်တော့အပေါ်ထားတဲ့ အကိုကြီးရဲ့ကျေးဇူးတရားတွေကို ဒီတစ်သက်မမေ့ပါဘူး … အသက်နဲ့ရင်းပြီး ပြန်ပေးဆပ်ပါ့မယ် "

ဖန်းဂူက ချက်ချင်းပဲ ဒူးထောက်နေတဲ့ ရှုမန်းကို ထခိုင်းလိုက်ပြီး …

" မင်းရဲ့ကတိကိုတည်ပါစေ … ငါ့ရဲ့တပည့် ရန်အာကိုမင်းပိုပြီး ဂရုစိုက်စောင့်ရှောက်ပေးပါ … မင်းတို့ပျော်ရွှင်စရာမိသားစုဘဝကို ပိုင်ဆိုင်နိုင်အောင်ကြိုးစား … ငါမင်းတို့ကိုပေးနိုင်တာ ဒါအကုန်ပဲ "

Mafia Is My Alpha ( Lion ) { Completed }Onde histórias criam vida. Descubra agora