"အိုကေပါဗျာ အချစ်သဘော အခုတော့ မျက်နှာသစ်ကြမယ်"

"ဂျောင်ကု မျက်နှာသစ်ရင်းမှန်ကိုကြည့်ကာ မျက်နှာကြီးနီထွက်လာပြီဖြစ်သည် "

ထို့နောက် အံကိုကြိတ်ကာ

"ကင်ထယ်ယောင်း"

"အချစ်ရေ အချစ်စိတ် စိတ်လျှော့ စိတ်လျှော့ Te Te ရှင်းရှင်းပြပါ့မယ် စိတ် စိတ်လေးလျှော့ "

"အေး ရှင်းပြ မင်း ရှင်းပြတာတွေနားထောင် ချင်နေပြီ "

"ဟုတ် ဟုတ် ရှင်းပြပါ့မယ် မျက်နှာလေးသစ်ပြီး ဟင်းချက်ပြီးရင် သိချင်တာတွေအကုန်ပြောပြပါ့မယ်"

"အေး မင်းစကားကိုတည် မတည်ရင်ငါနဲ့တွေ့မယ်မှတ် "

ဂျောင်ကု တစ်ယောက် တစ်‌ေဒါက်‌ေဒါက်နဲ့ ဟင်းရွက်များကို လှီးနေစဉ်

"အချစ်ရေ ဖြေးဖြေးလှီး အသံအကျယ်ကြီးပဲထွက်နေတယ်"

"မင်းလာ လုပ်မလား မလုပ်ပေးနိုင်ရင် မင်းပါးစပ်ပိတ်ပြီးငြိမ်ငြိမ်နေလိုက်တော့ "

"ဟုတ် အချစ် "

မျက်နှာငယ်လေးနဲ့ ဟုတ် အချစ်လို့ပြန်ပြောတဲ့‌ပိစိ

"စား "

"ဟုတ် အချစ်"

15မိနစ်လောက် စားသောက်ပြီးသောအခါ

"မင်းအခု ဗိုက်ဝပြီလား "

"ဟုတ် ဟုတ်ဝပြီ"

"အမလေး အပြစ်လုပ်ထားတော့ တစ်ဟုတ်တည်းဟုတ်နေတာပဲ နောက်နေ့အဲ့လိုပြောမလားကြည့်ကြတာပေါ့"

"ဟုတ် အချစ်"

"စရှင်းတော့ မင်းရှင်းပြရမှာတွေမင်းသိတယ်မို့လား "

"ဟုတ် အချစ် "

"နံပါတ်တစ် ငါ့ရင်ဘက် နှုတ်ခမ်း ပါးက ကိုက်ရာတွေက ဘာလဲ အဲ့တာအရင်ရှင်း "

"ဒါကဒီလိုရှိပါတယ် အချစ်"

ထယ်ယောင်းညက ဂျောင်ကုနဲ့အတူအိပ်နေရင်း အပေါ့အပါးသွားချင်လာ၏

"အား သေးကလည်း ဘာလို့အိပ်ကောင်းနေမှ ပေါက်ချင်နေရတာလည်းကွာ"

ထယ်ယောင်းသန့်စင်အသုံးပြုပြီး အိပ်ယာထဲသို့ပြန်လာ၍ အိပ်မလို့လုပ်နေစဉ် ဂျောင်ကုမျက်နှာလေးကို ကြည့်မိ၏

My little Boss and Me(Completed)Where stories live. Discover now