"မင်းကလည်း ဒီအသက်အရွယ်ရောက်နေပြီ….ခုချိန်ထိဆံပင်ကိုရေပြောင်အောင်မသုတ်ဘူး..."

ဆမ့် အတွက်တော့ ထိုစကားတွေသည် ရေချိုးပြီးတိုင်းအမြဲတမ်းကြားနေရတဲ့ စကား။အခုလည်း ဂျွန်က တတွတ်တွတ်နဲ့ ပြောနေလေ၏။

ဆမ် က ဂျွန့် ထက်အရပ်နည်းနည်းပုတဲ့အတွက် ဂျွန်ဆံပင်ရေသုတ်ပေးနေစဉ် ဆမ့် မျက်ဝန်းတို့သည်  ဂျွန် ၏ သွေးကြောစိမ်းတွေထင်းနေတဲ့ လည်ပင်းဆီမှာ။သူ့ရဲ့အသက်ရှုသံကလည်း ပုံမှန်ထက်မြန်ဆန်လာပြီး ဂျွန့်ကိုမော့ကြည့်လိုက်တော့ ဂျွန့်ရဲ့ပန်းရောင်သန်းနေသည့် နှုတ်ခမ်းတစ်စုံ…။တဒင်္ဂအတွင်းမှာတင် သူ ဂျွန့်ရဲ့နှုတ်ခမ်းတစ်စုံကို တပ်မက်စွာနမ်းရှိုက်မိသွားခဲ့သည်။

ဂျွန်လည်း သူနဲ့အတူ တဒင်္ဂအသိစိတ်လွတ်သွားခဲ့ပေမယ့် ပစ္စည်းပြုတ်ကျသံကြားတော့ အသိပြန်ဝင်လာပြီး ဆမ့်ကို ဂျွန် တွန်းထုတ်လိုက်သည်။ဧည့်ခန်းဘက်ထွက်ကြည့်မယ့် အချိန်မှာ အံ့အားသင့်ဟန်နဲ့ငေးကြည့်နေတဲ့ မေရီ့ကို ဂျွန်တွေ့လိုက်ပုံရ၏။

မေရီ့ကို ရှင်းပြဖို့ ဂျွန်ကြိုးစားပေမယ့် မေရီက လက်မခံဘဲ ရွံရှာ‌နေတဲ့ မျက်လုံးတွေနဲ့  ဂျွန့်ကိုစိုက်ကြည့်ကာ အိမ်အပြင်သို့ ပြေးထွက်သွားခဲ့သည်။ဂျွန်လည်းခြေကုန်လက်ပန်းကျပြီး သူ့အခန်းထဲဝင်ပြီး မေရီ့ကိုဆက်သွယ်ဖို့ ကြိုးစားပေမယ့် အချည်းအနှီးသာ။‌မေရီ့ကို ဆက်သွယ်လို့မရ။

ဆမ် လည်း ရုတ်တရက်ဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တွေကြောင့် တုန်လှုပ်နေခဲ့သည်။
ဂျွန့်ကိုတောင်းပန်ဖို့ သူ့အခန်းတံခါးကိုခေါက်ပေမယ့်  ဂျွန် အခန်းတံခါးမဖွင့်ပေး။ဆမ်လည်း သူ့အခန်းသူပြန်ပြီး စိတ်ပျက်စွာနဲ့ အိပ်ရာပေါ်မှာ လဲလျောင်းနေမိခဲ့သည်။အဲ့နေ့က သူ့ကိုယ်သူ ပြန်လည်ဆန်းစစ်ခဲ့ပြီးနောက်  သူ ဂျွန့်ကို မြတ်နိုးစွာချစ်နေမိပြီဆိုတာကို သိရှိခဲ့လေ၏။

တခြား‌သူတွေ အချစ်ဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်လဲတော့ ဆမ် မသိဘူး။ ဆမ် ကတော့ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ပဲ အဓိပ္ပာယ်ဖွင့်ချင်တယ်။ ဆမ် က ဂျွန့်အတွက်ဆို အရာရာဖြည့်ဆည်းပေးချင်သူ။‌ မေရီ့ကို ဂျွန်သဘောကျတယ် ပြောတုန်းကလည်း ဆမ် ပဲသူတို့နှစ်ယောက်ကို အောင်သွယ်ပေးခဲ့တာ။ဂျွန်နဲ့ မေရီ အတူရှိနေရင်တောင် သူ တစ်စက်ကလေးမှ မနာလိုမဖြစ်မိ။ဂျွန်က သူနဲ့ တစ်နေကုန်အတူမရှိပေမယ့် ဂျွန့်ရဲ့ညတွေကိုတော့ ဆမ် ပိုင်တယ်လေ။

You've reached the end of published parts.

⏰ Last updated: Jul 02, 2022 ⏰

Add this story to your Library to get notified about new parts!

The Line Between Us (One Shot)Where stories live. Discover now