𝑝𝑎𝑔𝑒 𝟷 𝑡𝑜 𝟸𝟶

Start from the beginning
                                    

"အကြီးကို ရိုရိုသေသေပြောစမ်း .. စီနီယာ လော်ယွင်ရှီးလို့ခေါ်"

"L-E လား"

ခပ်တိုးတိုး ဆဲလိုက်ပြီး သူ နေရာကို အဲ့အုပ်စုနဲ့ လွတ်တဲ့ဘက် တိုးရွှေ့လိုက်တယ်။ ဒီကနေ့ အတန်းတက်တဲ့သူ နည်းလို့တော်သေး။

ဒေါသအဖြစ်ဆုံးကတော့ ဟိုခွေးကောင်ပဲ။ အဲ့နှစ်ကျအုပ်စုနဲ့ သွားမရောပါနဲ့လို့ အတန်တန် မှာထားတာကို၊ သူအတန်းမတက်တဲ့ ဟိုတစ်နေ့က ဆေးလိပ်သောက်ဖို့ မီးခြစ်တောင်းရင်း ဟိုပြောဒီပြောနဲ့ ပေါင်းမိသွားတယ်တဲ့။

အဲ့ခွေးသားက နဂိုတည်းက အဲ့အုပ်စုနဲ့ သွားရောချင်နေတာ။ အခုတော့ သူ့ဆီပါ နွယ်လာရော။ စိတ်လေတယ် .. တကယ်။

ဒီဘက်ရွှေ့လာတာတောင် သူတို့အချင်းချင်း ကျိတ်ရယ်နေသံတွေကို အတိုင်းသား ကြားနေရတယ်။ ဂျူ နီယာဖြစ်တဲ့ သူ့ဆီက ဆဲခံလိုက်ရတဲ့ကောင်ကို ဝိုင်းဟားနေကြတာ။ အထင်ကြီး လေးစားစရာမရှိ၊ ဗရုတ်ကောင်တွေ။

⧏⬝ ⬝⧐

"အေ ဘယ်မှာလဲ .."

ဖုန်းဝင်ဝင်ချင်း ချန်ဖေးယွီ တန်းမေးလိုက်တယ်။ သူနဲ့ကျိုးချီက ဖုန်းပြောပြီဆို လိုတာပဲပြောတယ်။ ကျန်တဲ့စကားအပို မပြောဘူး။

<Comet မှာ .. အမြန်လာ>

"ရောက်တော့မယ် .. ကျောင်းထဲဝင်လာပြီ"

သူ ကန်တင်းထဲ မဝင်ခင်တည်းက မြင်လိုက်ရတဲ့ အရာကြောင့် ဒေါသထောင်းခနဲ ထွက်သွားတယ်။ ကျိုးချီ ၊ ဒီကောင်ကတော့ လုပ်ချလိုက်ပြန်ပြီ။

"နောက်ကျတယ် ဟိတ်ကောင် .. ငါ ရှစ်နာရီတည်းက ရောက်နေတာ"

ကျိုးချီကို ခပ်တည်တည် ကြည့်ပေးလိုက်ပြီး ခုံဆွဲထိုင်လိုက်တယ်။ စားပွဲပေါ်မှာ စားပြီးသား ပန်းကန်တွေ၊ ပြန့်ကျဲနေတဲ့ သုံးပြီးသား တစ်ရှူးတွေ၊ သောက်ပြီးသား ဆေးလိပ်တိုတွေ၊ မုန့်ထုပ်ခွံတွေ၊ ပြာမှုန်တွေကလည်း အားကြီးပဲ။

ကျစ် ! စိတ်ပျက်စရာကောင်းလိုက်တာ။

"ဟိတ်ကောင် ဘာလို့နောက်ကျတာလဲလို့ .. ဖြေလေ .. ပါးစပ် လမ်းမှာကျခဲ့လို့လား"

𝘭𝘰𝘴𝘵 𝘪𝘯 𝘵𝘩𝘦 𝐏𝐔𝐑𝐏𝐋𝐄 ⪕𝘊𝘰𝘮𝘱𝘭𝘦𝘵𝘦𝘥⪖Where stories live. Discover now