ဘေးနားကကြည့်နေသောJungkookမှာလည်း ထိုအလည်လေးရဲ့စကားကြောင့်ပြုံးတုံ့တုံ့။ ​ဖခင်ဖြစ်သူအားကြည့်မိပြန်တော့လည်းထိုလူသားလေးအားသဘောကျနေပုံရသည်ကြောင့် ရှေ့ဆက်ရမည်အနာဂါတ်တွေဟာဖြောင့်ဖြူးနေတော့မည်ကိုကြိုတွေးရင်းအပျော်ကြီးပျော်နေရသည်။

သို့ပေမဲ့ထိုအခြေအနေကိုကြည့်ကာမဲ့ပြုံးပြုံးနေသောလူတစ်ယောက်။ သိပ်မကြာခင်အချိန်အတွင်းဖုန်းတစ်ခုအားဆက်သွယ်ကာ...။
"ဝင်လာခဲ့တော့ အဆင်သင့်ပဲ"
ထိုစကား​ပြောပြီးနောက် ထိုလူ့မျက်နှာပေါ်မှကောက်ကျစ်မှုများမှာပို၍ပေါ်လွင်လျက်။

"အစ်ကိုကြီး ညီလေးကတစ်ဦးတည်းသောအစ်ကိုကြီးကိုပျော်ခွင့်ပေးမယ်လို့ ဘာကြောင့်ထင်နေရတာလဲ ဟား ဟား မင်းရဲ့ပျော်ရွင်ခြင်းတွေအဆုံးသတ်ဖို့အချိန်ရောက်ပြီ Jeon Jungkook"

ရုတ်တရက်ဖြစ်သွားသောအခြေအနေတစ်ခု၊ အခမ်းအနားထဲသို့လက်နက်ကိုယ်စီနှင့်ဝင်လာကြသောလူများ။ ပွဲအတွင်းထဲမှဝိတ်တာတစ်ချို့၏သေနတ်ဖြင့်ချိန်ထားခြင်းခံရသောဧည့်ပရိတ်သတ်များ။ အပြုံးကိုယ်စီနှင်ပျော်ရွှင်နေကြသောအခြေအနေမှ ကြောက်လန့်တကြားဖြစ်သွားရသောအခြေအနေ။ ထိုစဥ် တံခါးအားတွန်းဖွင့်ကာဝင်လာသူတစ်ဦး။ ရဲရဲတောက်နေသောပွဲတက်ဝတ်ဆုံလေးဟာထိုအမျိုးသမီးရဲ့ဖြူဝင်းနေသောအသားအရည်ပေါ်တွင်ထင်းလျက်။ လှောင်ပြုံးပြုံးကာဝင်လာသောထိုအမျိုးသမီးရဲ့မျက်နှာအားမြင်လိုက်ရချိန်တွင်တော့ လူအားလုံးရဲ့တုံ့ပြန်မှုမှာအံသြခြင်းများဖြင့်။ ထိုအမျိုးသမီးကတော့ထိုတုံ့ပြန်မှုအားသဘောကျနေသည့်အလား။

"Han Yuna"
Jungkook ရဲ့ရေရွတ်သံစကားအဆုံး...

"ဟုတ်ပါတယ် ကျွန်မဟန်ယူနာပါ ရှင်တို့တွေလူကြားထဲမှာအရှက်ခွဲလိုက်တဲ့ဟန်ယူနာပါ"

"Han Yuna shiiက ကိုယ့်အပြစ်ကိုတခြားလူကိုလွှဲချချင်နေတာပဲ"
Taehyungရဲ့တုံ့ပြန်မှုစကားအား အနာပေါ်ဒုတ်ကျသလိုဟန်ယူနာမှာ ဆတ်ဆတ်ခါလျက်။

"ဟက် ထားပါ ရှင်တို့တွေဘယ်လိုပဲပြောပြော ကျွန်မလိုချင်တာရဖို့ကအဓိကပဲလေ ဟုတ်တယ်မလား Jeon Dohyun shii"

𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now