" မစားရသေးဘူး ''

နောက်တော့ ကလေးက အိပ်ပျော်သွားတာကြောင့် ရှုပေါ်စု လည်း အိပ်ယာလေးထဲ ထည့်ပြီးတော့ ကျန်းရှုနားကိုလာလေတယ်။

" ကျွန်တော့်ကို တစ်ခါလောက် ပေးပွေ့မယ်လို့ ခများအစောက ပြောခဲ့တာပဲ မဟုတ်ဘူး လား''

ကျန်းရှုက သူ့သားအိပ်နေတဲ့ နေရာကိုစိုက်ကြည့်လိုက်တယ်။

" မင်းကတော့ကွာ။ နောက်တစ်ကြိမ် သူနိုးလာရင် မင်းပဲပွေ့ရမှာပါကွ''

ရှုပေါ်စုက စားပွဲရဲ့ တစ်ဖက်ကိုလာပြီးတော့ ထိုင်ကာ သူစားလို့ရတာဘာရှိသေးလဲဆိုတာကို ကြည့်လိုက်တယ်။

" ဒီသကြားညို ကိတ်ကိုစားလိုက်လေ''

ကျန်းရှုက ရှုပေါ်စု ကို ခွံ့ကျွေးလိုက်တယ်။

" မြန်မြန်စားလေ။ ကျွန်တော် က ဒီဟာကို ဆက်ထိန်းထားနိုင်မယ်လို့များ ခများထင်နေလား''

ရှုပေါ်စုက ပြုံးကာ သူ့ဇနီး လေးလက်ထဲက သကြားညိုကိတ်လေးကို ပါးစပ် ဖွင့်ပြီးတော့ ကိုက်စားလိုက်တယ်။

" ကိုယ်က ဘယ်လိုကိုင်ရမလဲမသိလို့လေကွာ''

" မင်းလေး ကိုယ်တိုင် ကိုယ့်ကိုခွံ့တာက ပိုပြီးတော့ အရသာရှိတယ်လေ''

" ခများကြီး လစ်လိုက်တော့''

ကျန်းရှုကလည်း ပါးစပ်အပြည့် နီးပါး ကိတ်အပိုင်းကိုကိုက်ဝါး လိုက်တယ်။ ရှုပေါ်စု ခမျာ သူ့ထမင်းကို ပြီးအောင်တောင် မစားရသေးဘူး အိပ်ယာထဲက စတော်ဘယ်ရီအသေးလေးက ငြီးတွား ပြီးတော့ငိုကျွေးလာခဲ့တယ်။ ဒါကြောင့် ကျန်းရှုက ပြောလိုက် တယ်။

" ကျွန်တော် သူ့ကိုပွေ့လိုက်မယ်''

" ဂရုစိုက် အုံးနော်''

ရှုပေါ်စုက မနက်စာစားနေရာကနေ လှမ်းပြီးတော့ သတိပေးလိုက်တယ်။ ဒါပေမယ့် ကျန်းရှုနောက်ကိုတော့ လိုက်မသွားခဲ့ပေ။

"  ကျွန်တော် က ခများသားကို မပြုတ်ကျစေရ ပါဘူး''

ကျန်းရှုက ဒေါသထွက်စွာ ပြန်ပြော လိုက်တယ်။

ကိုယ်က မင်းအတွက်ပဲ စိတ်ပူတာပါကွာ လို့ရှုပေါ်စုတွေးလိုက်တယ်။ ဒါပေမယ့် သူထုတ်မပြောရဲပါပေ။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now