" ဘယ်လိုဗျ ။ သူဇာတကယ်ပြောနေတာလား "

" အင်းပေါ့ ။ ကဲပါ... သူဇာ အလုပ်လေးရှိလို့ ပြန်ဦးမယ်နော် "

" ဟုတ်ကဲ့ဗျ "

သူဇာ ဆေးခန်းထဲကထွက်သွားတော့ မင်းလွင် ထွေး ရှေ့တည့်တည့်ကို မတ်တပ်ရပ်လိုက်သည် ။

" အခုအိမ်ပြန်မယ် "
မင်းလွင် ဒေါသတကြီးပြောလိုက်သည် ။

" နည်းနည်းစောသေး "

" အခုပြန်မယ် "
ခင်ထွေးမွန်စကားပင် မဆုံးသေး မင်းလွင် ထွေးကို အော်ပစ်လိုက်သည် ။

" ဟုတ် "

အိမ်ကိုပြန်သည့်လမ်းတစ်လျှောက်လုံး မင်းလွင်မျက်နှာက တင်းမာနေသည် ။ ခင်ထွေးမွန်ကတော့ ခေါင်းပင်မမော့ရဲ ။

" နင်  လာစမ်း " ခင်ထွေးမွန်ရဲ့လက်တစ်ဖက်ကို မင်းလွင် ဇွတ်အတင်းဆောင့်ဆွဲကာ အိမ်ထဲကို ဝင်လိုက်သည် ။

" အား... "
လက်ကနာကျင်လာတာမို့ ခင်ထွေးမွန်အော်လိုက်မိသည် ။

" ဟဲ့ ... ဘယ်လိုဖြစ်လာကြတာတုန်း .."
ဒေါ်ခင်ခင်တစ်ယောက် ဧည့်ခန်းထဲဝင်လာတဲ့
မင်းလွင်နဲ့ထွေးကိုကြည့်ပြီး အလန့်တကြားပြောလိုက်သည် ။

" နင် ငါ့ကို မှန်မှန်ပြောစမ်း "
မင်းလွင် ထွေးကို ထိုင်ခုံတစ်ခုပေါ်ကို တွန်းချလိုက်သည် ။

" အာ့... "
နာကျင်မှုတို့ကို ခင်ထွေးမွန် ဘယ်လိုမှုခံနိုင်ရည်မရှိ​ ။

​ကြောက်စိတ်တို့ကြောင့် ထွေးလက်တွေကတုန်ရီနေသည် ။ မျက်လုံးအိမ်မှ မျက်ရည်စတို့ကလည်း ပါးပြင်ပေါ်သို့ လိမ့်ဆင်းကျလာသည် ။ ထွေး ထိုမျက်ရည်စတွေကို မသုတ်ပစ်ပေ ။ လက်တွေက လှုပ်ရှားပစ်ဖို့ပင် အားမရှိတော့ခြင်းကြောင့်ဖြစ်သည် ။

" စိတ်လျှော့ပါ သားရယ် ။ ဘာဖြစ်လာကြတာလဲ " ဒေါ်ခင်ခင် ဘေးမှဝင်ပြောလိုက်သည် ။

" မလျှော့နိုင်ဘူး အမေ ။ သူ့လုပ်ပုံက ဟုတ်မှမဟုတ်ဘဲ " မင်းလွင် ဒေါ်ခင်ခင့်ဘက်ကို လှည့်ကာပြောလိုက်သည် ။

" နင် ပြောစမ်း ။ နင်နဲ့ကံ့ကော်လှိုင်က ချစ်သူတွေပေါ့ ။ ဟုတ်လား " မင်းလွင် ထွေးပုခုံးကို ဖိပြီးကိုင်လှုပ်လိုက်သည် ။

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောWhere stories live. Discover now