Unicode
mini story ေလးပါ
2ပိုင်း3ပိုင်းလောက်ပါပဲ။
ပေါ့ပေါ့ပါးပါးလေးသွားမှာပါ။
Zhanyi နော် Zhanyi
" ဟိုကောင် ဘဲဥ"
ခြံထဲက စားပွဲဝိုင်း လေးမှာ စာထိုင်လုပ်နေရင်းက ပတ်ဝန်းကျင်ကို တချက်ဝေ့ရှာပီး ရှောင်းကျန့် ခပ်ကျယ်ကျယ် အော်ခေါ်လိုက်တယ် ။
"ဗျာ သား ရှိတယ် "
အသံပိစိ လေးထွက်လာတဲ့ဖက်ကို ရှောင်းကျန့် ငှဲ့ကြည့်လိုက်တော့ ပန်းရုံပုလေးကြားမှာ ထိုးထိုးထောင်ထောင် ဆံပင်စမဲမဲ လေးတွေ တွေ့လိုက်ရမှ စိတ်ချသွားတယ် ။
"ရှောင်ကျိရန် လဲ ဘယ်မှမသွားနဲ့နော်
ငါစာလုပ်ပီးလို့ မတွေ့ရင် အသေသတ်မှာ "
ရှောင်းကျန့် အော်ဟစ်ကြိမ်းမောင်းလိုက်ပီး စာဆက်လုပ်နေတယ်။
ရှောင်းကျန့် အဖြစ်ကတော့ ကျောင်းမပီးခင် မိန်းမယူပီး ခလေးနှစ်ကောင်မွေးထားရသလိုပဲ ။
ရှောင်းကျန့် ငယ်စဥ်ထဲက မိဘနှစ်ဦးစလုံး မတော်တဆတခု နှင့် အသက်ဆုံးရှုံးခဲ့ရတယ်။
စိတ်ဒဏ်ရာတွေ တပုံကြီးနဲ့ကျန်ခဲ့တဲ့ 5နှစ်သားလေး ရှောင်းကျန့်ကို ရှောင်းကျန့် အဖေရဲ့ညီဖြစ်သူ ရှောင်ချန်နဲ့ ရှောင်ချန် ရဲ့ဇနီး စုန့်ဝေဝေ က ဖေးမ စောင့်ရှောက်ခဲ့တယ်။
ရှောင်းကျန့် အပေါ် ဘယ်လောက်တောင် ကောင်းခဲ့သလဲ ဆိုရင် ခလေးယူလိုက်ရင် ရှောင်းကျန့် ကို ဂရုမစိုက်နိုင်မှာဆိုးလို့ ခလေးတောင် မယူခဲ့ ။
ရှောင်းကျန့် အလယ်တန်း အသက် ၁၀ နှစ်လောက်ရောက်မှသာ ကလေး သေးသေးလေး ချီ ချင်တယ်လို့ ပူဆာလို့ ခလေး ယူခဲ့တယ်။
မွေးလာတဲ့ ကလေးလေး က ဖြူဖပ်ဖပ် သေးသေးလေးနဲ့ ပိုးဟပ်ဖြူလေး လို ချစ်စရာလေး ။
နာမည်က ရှောင်ကျိရန် တဲ့ ။
အနေသိပ်အေးတဲ့ ကလေးလေးကို ရှောင်းကျန့် ပါးလေးတို့လိုက် လက်ကလေး ထိလိုက်နဲ့ သိပ်ကို ချစ်မဝ ဖြစ်ခဲ့ရတယ်။
ရှောင်းကျန့် ၁၈ နှစ် အထက်တန်း နောက်ဆုံးနှစ်မှာ ရှောင်ကျိရန် လေးက ၆ နှစ်လောက်ရောက်နေခဲ့ပီ ။
