သူဇာ ရှိုက်ကြီးတငင်ငိုချလိုက်ကာ ငိုလို့ဝမှ အိမ်ထဲပြန်ဝင်သွားသည် ။

ညကပဲ လူတွေကို ငိုစေသလား ။ မှောင်မိုက်နေမှုကပဲ လူ့စိတ်ကို အားနည်းစေသလား မပြောတတ် ။ ဝမ်းနည်းမှု ၊ စိတ်ပင်ပန်းမှုတို့က စို့တတ်လာတာကြောင့် လှိုင် ရင်ဘတ်ကိုပင် လက်နှင့်ဖိထားရသည် ။အတိတ်ကဖြစ်ရပ်တစ်ခုက လှိုင့်ကို ဝမ်းနည်းနေစေဟန်ရှိသည် ။

********************************

တိုက်မထားပါဘဲ ဒေါ်ကံ့ကော်လှိုင်နှင့်သူဇာတို့နှစ်ယောက် ထမင်းစားပွဲမှာ မျက်နှာချင်းဆိုင်ထိုင်နေကြသည် ။ ပုံမှန်ဆို လှိုင်က မည်သူနှင့်မျှ ထမင်းအတူမစားတတ်ပါချေ ။

ဖျော့တော့နေသည့် သူဇာ့မျက်နှာကို လှိုင် သတိထားမိပါသည် ။ လှိုင် သူဇာ့ကိုစိတ်ပူသော်ငြား ဘာမှမပြောဖြစ်ပေ ။ လှိုင်က စိတ်ခံစားချက်တွေကို ကောင်းကောင်းမဖော်ပြတတ်သူမဟုတ်လား ။

သူဇာ့အတွက်တော့ လှိုင့်မျက်နှာကို မြင်နေရသည်မှာ ပူလောင်ရလွန်းသည် ။

" မလှိုင်က ဘယ်နေ့ပြန်မှာလဲ " သူဇာ ရုတ်တရက်ကြီး မေးလိုက်သည် ။

" ဘာလို့လဲ သူဇာ "

" ဘာရယ်မဟုတ်ပါဘူး ။ သူဇာက ဒီတိုင်းပဲမေးကြည့်တာပါ "

" အင်း .. တကယ်ဆို တို့ ပြန်သင့်နေပါပြီလေ "
လှိုင့်စိတ်ထဲတွင် ဝမ်းနည်းမှုတို့က စို့တတ်လာသည် ။

ထမင်းစားပြီးသွားကြတော့ သူဇာက ဆိုင်ကိုသွားပြီး လှိုင်ကတော့ ထုံးစံအတိုင်း အိမ်မှာပဲ ကျန်ရစ်ခဲ့သည် ။

လှိုင် အနာဂတ်အကြောင်းကိုတွေးပြီး စိတ်ရှုပ်နေမိသည် ။ မန္တလေးရောက်တာလည်း ကြာလွန်းနေပြီမို့ အိမ်ပြန်သင့်ပြီဆိုတာကို လှိုင်ရိပ်မိပါသည် ။
ထိုသို့ အိမ်ပြန်မည်ဆိုပါက ချစ်သူနှင့် တွေ့ခွင့်ရတော့မည်မဟုတ်တာကြောင့် လှိုင် ဘာလုပ်ရမှန်းမသိဖြစ်နေသည် ။ တွေးရင်းနှင့်ပင် ခေါင်းကိုက်လာတာကြောင့် လှိုင် တစ်ရေးတစ်မောအိပ်ကာ အနားယူလိုက်သည် ။

***********************************

" လှိုင် အငယ်မဆီကို လာတာလား "

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောWhere stories live. Discover now