ဓာတ်လှေကားက အပေါ်ထပ်ကို ရောက်သွားတဲ့အချိန်မှာ သူ ဖေ့ချန်ကို တွေ့လိုက်ရတယ်။
အချိန်တစ်ခုထိအောင် တမိုးအောက်တည်းမှာ အတူ နေနေကြတဲ့ သူတွေဖြစ်ပေမယ့်လို့ ရုံးမှာ တစ်ယောက်ကိုတစ်ယောက် သွားရင်းလာရင်း တွေ့မိကြတဲ့အခါ နဲနဲတော့ ကို့ယို့ကားယား နိုင်နေသေးတယ်။
"လူရွေးပွဲအတွက်ရောက်နေတာလား?"
"ဟုတ်တယ်" နန်ဟွိုက်လင် ခေါင်းညိမ့်ရင်း ဖြေလိုက်တယ်။
"ကိုယ်က အကဲဖြတ်ပေးတဲ့သူတွေထဲက တစ်ယောက်နော်" ဖေ့ချန်က ပြုံးနေရင်း ပြောမေတယ်။ "မင်း ကိုယ့်ကို လာဘ်ထိုးဖို့ စိတ်ကူးမရှိဘူးလား?"
"မရှိပါဘူး ခင်ဗျားကလည်း.." နန်ဟွိုင်လင် ရိုးရိုးရှင်းရှင်းပဲ ငြင်းလိုက်တယ်။
ဖေ့ချန်ရဲ့ နှုတ်ခမ်းတွေက ပြုံးယောင်သန်းလာကာ သူ့ရဲ့ခေါင်းကိုပွတ်သတ်လာပြီး "မင်း အကောင်းဆုံးကြိုးစားနေတာကို ကိုယ်စောင့်ကြည့်နေမယ်"
မင်းရှိရဲ့ အကြီးဆုံးအစည်းအဝေးလုပ်တဲ့အခန်းမှာ လူရွေးပြိုင်ပွဲက နေရာယူထားတယ်။
ကုမ္ပဏီရဲ့ မီတင်(meeting)တွေမှာပဲ ပုံမှန်အားဖြင့် အသုံးများတဲ့ အစည်းအဝေးခန်းမက ပြဇာတ်ရုံပုံစံ ဟောခန်းဖြစ်ပြီးတော့ စင်မြင့်တစ်ခုရယ်၊ 12ခုံတစ်တန်းလုပ်ထားတဲ့ ပရိသတ်ထိုင်ခုံနေရာတွေ အတန်းလိုက်ပါတယ်။
နန်ဟွိုင်လင် အခန်းကို မျက်လုံးဝေ့ကြည့်လိုက်တော့ သူနဲ့ရင်းနှီးနေတဲ့ မျက်နှာအများကြီးကို မြင်လိုက်ရတယ်။ ဒါပေမယ့် နာမည်နဲ့တွဲပြီး မှတ်မိတာဆိုလို့ နှစ်ယောက်သုံးယောက်လောက်ပဲ ရှိမယ်။
တစ်ချိန်တုန်းက သူတို့တွေက ကောလိပ်အတူတူတက်ခဲ့ကြတဲ့သူတွေဆိုပေမယ့် အခုအချိန်မှာက ပြိုင်ဘက်ပုံစံမျိုးဖြစ်နေတာဆိုတော့ ပုံမှန်အားဖြင့် ဘယ်သူကမှ တစ်ယောက်ကိုတစ်ယောက် စကားပြောမနေကြဘူး။ ကြီးမားကျယ်ပြောတဲ့ အစည်းအဝေးခန်းမကြီးက တိတ်ဆိတ်မှုတွေကြီးပဲ လွှမ်းမိုးနေတာကြောင့် လူတွေရဲ့စိတ်ကို ပိုပိုပြီး ယောက်ယက်ခက်လှုပ်ရှားလာစေတယ်။
YOU ARE READING
ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)
Romanceကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး
Chapter 28 ( Uni)
Start from the beginning