ကျိရန်အကြောင်းကိုပြောပြတော့လည်းသနားလွန်းလို့ဆိုပြီး တစ်ခါထဲစုန့်မျိုးရိုးကနေဝမ်မျိုးရိုးပြောင်းပေးခဲ့ပြီး သားအရင်းဖြစ်တဲ့ဟောက်ရွှမ်းထပ်ကိုကျိရန်ကိုပိုချစ်ပေးခဲ့ကြတာ တစ်ခါလေးဆိုဘယ်သူကသားအရင်းလည်းတောင်မှားမိတယ်
_______________________________
ဟောက်ရွမ်းပြောတဲ့အတိုင်းရိပေါ်ဂောက်ရွမ်းကို၁ပတ်ကျော်လို့၂ပတ်တိတိထိအဆက်သွယ်မလုပ်ခဲ့ဘူး အခုဆိုသူလာမ‌ချော့လို့ဟောက်ရွမ်းတစ်ယောက်ဆွေ့ဆွေ့ခုန်နေလောက်ပြီး ဒါပေမဲ့သူကလည်းချော့မှမချော့တတ်တာဘဲ

"........ကိုကို!!ကိုကို!! ဘယ်သူအကြောင်းတွေးနေတာလဲ"‌

"အမ်..ကလေး ဘာဖြစ်လို့လဲ"

"ကျန့်ငယ်ပါဆို ကလေးမဟုတ်ဘူး ကျန့်ငယ်"

"ကျန့်ငယ်က ကိုကိုကလေးလေးဘဲကိုး ကလေးပေါ့"

"မကြိုက်ဘူး ကျန့်ငယ်ဘဲခေါ်"

"ဟုတ်ပါပြီးဗျာ"

"ခုနဘာတွေတွေးနေတာလဲ ဘာလဲကိုကိုအသစ်တွေ့နေပြီးလား"

"အာ~ကိုကိုကဘယ်ကအသစ်တွေ့ရမှာလဲ"

"အာ့ဆိုexထဲက ဘယ်သူကိုလွမ်းနေတာလဲ"

"မဟုတ်တာတွေ ကိုကိုရင်ထဲမှာကျန့်ငယ်ဆိုတဲ့ကလေးလေးတစ်ယောက်ဘဲရှိတာပါဗျ အဟောင်းတွေဆိုတာအတိတ်မှာကျန်ခဲ့ပြီးသတိရစရာမလို့ဘူး အသစ်ကလည်းတွေ့စရာလားကိုကိုမှကျန့်ငယ်တစ်ယောက်လုံးရှိနေတာ ကိုကိုကကျန့်ငယ်ကိုနှလုံးသားတစ်ခုလုံးတင်မကဘူး ခန္တာကိုယ်တစ်ခုလုံးပါအပိုင်ပေးခြင်းလောက်အောင်ချစ်တာ"

"အပြောကောင်းလို့နော် ဟွန့်"

"ကျန့်ငယ်အတွက်သီးသန့်ပါနော်"

"ဟီး ချစ်လိုက်တာ မွ~"

"ဒီကလေးကတော့ ကိုကို ကိုရူးသွားစေချင်တာလား"

"ကိုကိုရူးသွားလည်း ကျန့်ငယ်ကဒီကိုကိုအရူးကြီးကိုလင်တော်မှာပါနော်"

"ဒီကလေးကတော့..."

တကယ်ပါ ဒီကလေးကခါတိုင်းထပ်စကားတတ်လာသလို့ ပိုလည်းချွဲလာပါသေးတယ် သူကိုဆိုအမြဲမထိတထိစနေတော့တာဘဲပြီးရင်နှုတ်ခမ်းတထော်ထော်နဲ့စိတ်ကောက်သေးတာ ပီးတော့စကားပြောရင်းလက်အမူယာလေးတွေနဲ့ပြောလာတဲ့ကျန့်ငယ်ကတကယ်ချစ်စရာလေး...

💚ကိုကိုရဲ့ကျန့်ငယ်❤️💌Where stories live. Discover now