e.p(1)သောက်ကလေးကရုပ်ဆိုး​ တယ်(သာက္ကေလးက႐ုပ္ဆိုးတယ္)

Начните с самого начала
                                    

လူတွေလည်းစုန်းထီးလေးကိုမေ့ပျောက်နေလောက်အောင်စုန်းထီးလေးကပျောက်ကွယ်သွားခဲ့တော့လူတွေကသူကိုမမှတ်မိကြတော့ဘူး။

"စုန်းထီးလေးကသနားပါတယ်"

ကလေးမလေးကဝမ်းနည်းစွာပြောလာသည်။

"လူတွေကရက်စက်လိုက်တာ"

မခံမရပ်နိုင်ကလေးများစိတ်ဆိုးဟန်ပြောနေကြသည်။

"ဖိုးဖိုးစုန်းထီးလေးရဲ့နာမည်ကဘာလည်းဟင်"

အဖိုးအိုကခေါင်းကိုဖြေညင်းစွာခါလိုက်ပြီးသ

"ဖိုးဖိုးမမှတ်မိတော့ဘူး"

"သူ့ရဲ့ကြောင်လေးနာမည်ရောဖိုးဖိုးသိလား"

"သူကြောင်လေးနာမည်ကိုလည်းဖိုးဖိုးမသိပါဘူးကွယ်"

"ဖိုးဖိုးကဘာမှလဲသိဘူး"

"ဖိုးဖိုးသိတာတစ်ခုတော့ရှိတယ်"

"ဘာလဲဟင်ဖိုးဖိုး"

"စုန်းထီးလေးကပျော်နေတယ်ဆိုတာကိုပေါ့
ကလေးတို့ရယ်"

ကလေးတွေကအဖိုးစကားကြားတော့ငြိမ်သွား ကြပြီးလူစုခွဲကာအိမ်ပြန်ကြသည်။
ဖိုးဖိုးကမှမပြောတော့တာသူတို့ကဘာလို့နေတော့ မည်နည်း။

တိတ်ဆိတ်ပြီးလူသူမနေတဲ့တောအုပ်ရဲ့အလယ်မှာအိမ်လေးတစ်အိမ်ရှိလို့နေသည်။
အိမ်ရဲ့နောက်ဖက်မှာသီးနှံများရှိပြီးအိမ်ဘေးနှင့်ရှေ့များတွင်ပန်းများကလှပစွာပွင့်နေသည်။ အိမ်ရှေ့ ကစမ်းချောင်းလေးကလည်းဖြေညင်းစွာစီးဆင်းနေသည်။
အိမ်လေးရဲ့မီးခိုးခေါင်းတိုင်မှာမီးခိုးငွေ့များ
ထွက်နေသည်မှာအိမ်ထဲရှိလူသားလေး
ကဟင်းချက်နေသည်ဖြစ်မည်။
အိမ်ထဲရှိကြောင်မဲတစ်ဝက်အဖြူတဝက်က
မီးဖိုးချောင်းမှရသောအသားနံကြောင့်အိပ်ရာမှ နိုးထလာကာဟင်းချက်နေသောသခင်ထံ
အပြေးလေးသွားနေသည်။

"နိုးပြီးလားငပျင််းလေး"

ထိုကောင်လေးကသူကြောင်လေးကိုလန်းမေးလိုက်သည်။

"မြောင်"

ကြောင်လေးကသူ့သခင်ပြောသည်ကိုနား
လည်းဟန်ပြန်ဖြေနေသည်။

 My  Warlock (Completed)Место, где живут истории. Откройте их для себя