"ရှောင်း... ကျွန်တော်တို့ ဒီတစ်ခါတော့ တကယ်လက်ထပ်ရတော့မယ်"

"ကျုပ် လက်ထပ်ဖို့အတွက်ပဲ ပြန်လာခဲ့တာ"

"ပြော... ကျွန်တော်နဲ့အတူမရှိတဲ့ အချိန်တွေမှာ ဘယ် အမျိုးသား၊ အမျိုးသမီးတွေနဲ့ ဖောက်ဖြား နေခဲ့သလဲ"

"နှလုံးသားနဲ့ ဘဝတစ်ခုလုံးကို အသည်းအသက်ဆီ ပုံအပ်ခဲ့တဲ့နေ့ကစလို့ ကျုပ်စိတ်က တစ်ကြိမ်တစ်ခါမျှ အခြားလူဆီမထွေဖြားခဲ့တာ ယုံစမ်းပါ!!"

"ကျွန်တော်ဒီတိုင်းပြောလိုက်ရုံပါ... ရှောင်းကိုယုံပါတယ်"

"ကျုပ်သိတာပေါ့"

"ကျွန်တော်ကိုးကွယ်တဲ့ နတ်ဘုရားတွေဆီအမြဲဆုတောင်းတယ် ရှောင်းကျွန်တော့်ဆီ အမြန်ဆုံးပြန်လာနိုင်ဖို့..."

"ကျုပ်ရဲ့ ကိုးကွယ်ယုံကြည်ရာကတော့ အသည်းအသက်တစ်ယောက်တည်းပဲ...၊ ဘယ်တော့မှထပ်ပြီး မထွက်သွားဖို့ အသည်းအသက်ကပဲဆက်တာဝန်ယူပေး"

"ကံကြမ္မာဆိုတာ ပြောလို့မရဘူးရှောင်း...သူကစားချင်သလို ကစားတာ၊ ကျွန်တော်တို့ကသာ ချစ်လွန်းလို့ အခုလိုပြန်ပေါင်းစပ်..."

"ကံကြမ္မာကိုလည်းမယုံသလို အချစ်ဆိုတာကိုလည်း ကျုပ်မယုံကြည်ပါဘူး။ ကျုပ်ယုံကြည်တာအသည်းအသက်ကိုပဲ...။ အသည်းအသက် တစ်ယောက်တည်းကို"

"ပြောလေ ကဲလေ လုပ်နေပါရောလား ရှောင်းရယ်"

"ဒါဆို အသည်းအသက်က ဘားမှထပ်မပြောနဲ့တော့"

"ကျွန်တော့်ကို ၂နှစ်အတွင်းဘာတွေဖြစ်ခဲ့လဲ ပြောပြပေးလို့ရမလားရှောင်..."

"အတိတ်ကို အတိတ်မှာပဲ ထားခွင့်ပေးပါ အသည်းအသက်ရယ် ကျုပ်ဒဏ်ရာတွေကိုထပ်မဆွပါနဲ့တော့"

"အင်း ​ရှောင်းမပြောချင်ရင် ကျွန်တော်ဘယ်သောအခါမှ ထပ်ပြီးမမေးဘူး"

ထင်ထားတာထက် စည်းကားလို့နေတဲ့ မြို့အုပ်ရှောင်းနဲ့ ရိပေါ်ရဲ့ မင်္ဂလာပွဲပါပဲ။ မိုဟဲမှာ ယနေ့မီးခိုးလည်းတိတ်သည်။ ညိုဆွေးဆွေးအရောင်ရှိတဲ့ သတိုးသားဝတ်စုံကို ဆင်တူဝတ်ဆင်ထားတဲ့ အမျိုးသားနှစ်ဦးကို အင်မတန်မှကြည့်ကောင်းလွန်းလှသည်။

မြို့အုပ်ရှောင်း [ Mayor Xiao ]Where stories live. Discover now