၀မ်ရိပေါ်ကားပေါ်မှဆင်းလိုက်ပြီး လူခေါ်ဘဲလ်ကို အဆက္မပြတ်နှိပ်လိုက်သည်။
အား‌နာပေမဲ့ နံနက်စောစောမနိုးတတ်သော အိမ်ပိုင်ရှင်တံခါးဖွင့်ပေးစေရန်ကဒီတစ်နည်းသာရှိသည်။
"အစ်ကိုလီ အစ်ကိုလီ‌ေရ"

ဘဲလ်ရော ပါးစပ်ပါသုံးပြီး မိနစ်အနည်းငယ်ကြာမှ အိပ်မှုံစုန်မွှားနှင့်သက်လတ်ပိုင်းအမျိုးသားတစ်ယောက်တံခါးဖွင့်လာသည်။
"ရိပေါ် စောစောစီးစီးပါလား
ဘာလာလုပ်တာလဲ?"

အကြောင်းတစ်ခုကြောင့်ဆေးကုသခွင့်ပိတ်သိမ်းခံထားရသည့်
ဒေါက်တာလီယော့သည်
၀မ်ရိပေါ်ယ‌ံုကြည်ရသည့်တစ်ဦးတည်းသော မိတ်ဆွေပင်။

အသက်သုံးဆယ်ပင်မပြည့်သေးသော်လဲ
မရိတ်သင်ထားသည့် နုတ်ခမ်းမွှေးတို့ကြောင့် ရှိရင်းအသက်ထက်ပိုကြီးနေသယောင်။
ဆွေမျိုးမတော်စပ်သော်လည်း
အမေဖြစ်သူမဆံုးခင် ပြနေကျဆရာ၀န်ဖြစ်ခဲ့ပြီး
ငွေကြေးမပြည့်စုံသော လူနာအတွက်အများကြီးထောက်ပံ့ပေးခဲ့သော ကျေးဇူးရှင်တစ်ယောက်ဖြစ်တာကြောင့်
၀မ်ရိပေါ်အတွက်တော့ အစ်ကိုရင်း
တစ်‌ေယာက်လိုသာ။

၀မ်ရိပေါ်ကားပေါ်မှလူကို လှမ်းကြည့်လိုက်ပြီး
"အစ်ကိုလီ့ကိုရက်ပိုင်း‌ေလာက်အ ‌ေနှာက်အယှက်‌ေပးပါရ ‌ေစ"

....................................................................................................................................

ရှောင်းကျန့်ကို အစ်ကိုလီ ကြည့်ပေးနေတုန်း ဖုန်းမ‌ှအချက်ပေးသံမြည်လာသဖြင့်
၀မ်ရိပေါ်ဖွင့်ကြည့်လိုက်ရာ
ဘဏ်အကောင့်ထဲပမာဏတိုးလာသည့်ငွေများကိုတွေ့လိုက်ရသည်။
CEOကတော်က ကတိတည်လွန်းသည်။
ကတိမတည်သည်က ၀မ်ရိပေါ်သာ။

"စိတ်မပူပါနဲ့ မကြာခင်နိုးလာလိမ့်မယ်
ငါဒူဒူကိုအစာသွားကျွေးလိုက်ဦးမယ်
ဒီမှာခဏစောင့်နေပေးလိုက်"

အစ်ကိုလီ ငါးစာထုပ်ကိုင်ကာ အခန်းပြင်ထွက်သွားမှ ‌စကားအဓိပါယ်ကိုပြန်စဉ်းစားမိသည်
'ငါ..ငါသူ့ကိုစိတ်ပူမနေပါဘူး'

ခေါင်းမှာပတ်တီးအဖွေးသား နဲ့လဲလျောင်း‌ေနသူကိုငုံ့ကြည့်ပြီး ခပ်တိုးတိုးရေရွတ်လိုက်တယ်။
"ခင်များက အတော်ကိုအိပ်နိုင်လွန်းတယ်
ရှောင်းကျန့်"

နိုးလာရင်ကော အခြေအနေကိုဘယ်လိုရှင်းပြရမှာလဲ။အကျိုးအကြောင်း
မဆင်ခြင်ပဲ စွတ်လုပ်ပြီးသွားပြီ။
ဒီလူနိုးလာရင် မေးလာမဲ့မေးခွန်းတွေကိုဘယ်လိုဖြေရမှာလဲ အ ‌ေြဖကြားရင်ဘယ်လိုပြန်ပြီးတုန့်ပြန်လာမလဲ လည်းမစဉ်းစားတတ်ပေ"

ရုတ်တရတ် ဖုန်းမြည်လာတာကြောင့်
ပြတင်းပေါက်နားသွားကာ အပြင်မျက်နှာမူ၍ဖုန်းကိုင်လိုက်သည်။

ထင်ထားသလို CEOကတော်ဆီမှဖြစ်ပြီး
ငွေတွေလွှဲလိုက်ပြီဖြစ်ကြောင်းနှင့် နောက်ကြောင်းရှင်းစေရန် ရက်ပိုင်းအတွင်း မြို့မှထွက်သွားရန်ပြောလာသည်။
ဖုန်းဖြေပြီးနောက် လေးကန်စွာအသက်ရှူထုတ်လိုက်သည်။
သူအခုထိဘယ်သွားရမလဲ မစဉ်းစားရသေးပေ။
အစကရှောင်းကျန့်‌ေသဆံုးမှုပြုလုပ်ပြီးသည်နှင့် ညီမဖြစ်သူကိုခေါ်ပြီးနိုင်င‌ံခြားတွင်ခွဲစိတ်ပေးကာ အခြေချမည်ဟုစီစဉ်ထားသော်လည်း ရှောင်းကျန့်ကအရှင်လတ်လတ်ကြီးဖြစ်နေတော့
စဉ်းစားရကြပ်တည်းပြန်သည်။

‌စဉ်းစားရင်း ခေါင်းတွေပူထူလာသလိုခံစားရတာကြောင့် ကုတင်‌ေဘးရှိခုံပေါ်တင်ထားသော စီးကရက်နှင့်မီးခြစ်ကို လှမ်းယူလိုက်သည်။
မီးညှိရန်ပြင်တုန်းမှာ ကုတင်ပေါ်ရှိ ပတ်တီးနှင့်လူသားအနည်းငယ်လှုပ်ရှားလာသဖြင့်
ကိုက်ထားသော‌စီးကရက်နှင့်တကွ မီးခြစ်ပါကြမ်းပြင်ပေါ်သို့ ပြုတ်ကျကုန်သည်။

၀မ်ရိပေါ် သတိရလာသည့်ဒီလူကို
ရင်ဆိုင်ဖို့ မပြင်ဆင်ရသေးပါ။
ခေါင်းကိုက်လို့ထင်ပါရဲ့ အနည်းငယ်ရှုံ့မဲ့ကာ မျက်လုံးဖွင့်လာသောသူကိုတောင့်တောင့်ကြီးရပ်ကြည့်နေမိတယ်။

သူဘာပြောတော့မလဲ။
ငါ့ကိုဘယ်လိုတုန့်ပြန်မှာလဲ။
သေဆုံးမှုအတုလုပ်ပြီး ခေါ်လာတဲ့ ငါ့ကိုဘယ်လိုအကြည့်မျိုးနဲ့ကြည့်လာမလဲ။
သေပြီဆိုပြီးဈာပနတောင်ပြင်ဆင်နေတဲ့ရှောင်းအိမ်ကိုပြန်သွားတော့မှာလား။
အတွေးတွေပြာယာခတ်နေပေမဲ့ လူကတော့အတောင့်လိုက်ကြီးသေနေသလို
ရပ်တန့်နေမိတယ်။

ရှောင်းကျန့်က မျက္မှောင်ကျုံ့ပြီး ခေါင်းကိုဖိကိုင်ထားတယ်။
၀မ်ရိပေါ်အားတင်း၍ တစ်ခုခုပြောရန်
ညှစ်ထုတ်လိုက်သည်။
"ရှောင်းကျန့် ခင်များကျွန်တော်ရှင်းပြတာအရင်နားထောင်သင့်တယ် ခင်များ..."

ခပ်ရှရှ ဖြတ်ပြောလိုက်သည့်ရှောင်းကျန့်ရဲ့စကားကြောင့် ၀မ်ရိပေါ် စကားတွေရပ်တန့်သွားသည်။

"ရှောင်းကျန့်? ကျွန်တော့်နံမည်လား
ကျွန်တော်ဘာလို့ခေါင်းအရမ်းကိုက်ပြီး ဘာမှစဉ်းစားလို့မရတာလဲ
မင်းက ကျွန်တော့်အသိလား"

၀မ်ရိပေါ် : ".........."

..................................................................

For Those Toxic PersonWhere stories live. Discover now