အပိုင်း (၈)

Start from the beginning
                                    

'' မေမေကြီးတို့ မေမြို့က သိပ်ကိုအေးတာပဲ ...နွေးနွေးထွေးထွေးလေးနေနော် စောင်ကိုလုံအောင်ခြုံ သိသလား မေမေကြီး ''

လရောင် ပြောလည်းပြော မေမေကြီး ခြေထောက်လေးအားစောင်ဖြင့်ထွေးလိုက်လေသည်။ လရောင် မေမေကြီးကို စောင်ခြုံပေးပြီး အိပ်ရာရှိရာပြန်မည်လုပ်တော့

'' အေး....အေးတယ် ''

ထိုအသံကြောင့် လရောင် ဆက်မသွားတော့ဘဲ မေမေကြီး ရှိရာသို့သာပြန်လာလိုက်သည်။

'' ဟင် အေးနေတုန်းပဲလား မေမေကြီးရဲ့ ''

လရောင်လည်း ပျာပျာသလဲဖြင့် မေမေကြီးနားသို့သွားကာ ထိုသို့ဆိုပြန်တော့ မေမေကြီးမှ ခေါင်လေးအား ဘယ်၊ညာ ခါပြလေသည်။

'' ဟင် မဟုတ်ပြန်ဘူးလား ဒါဖြင့် ဘာများအေးတာတုန်း မေမေကြီးရဲ့ ''

လရောင် နားမလည်၍ ပြန်မေးတော့ မေမေကြီးမှ လရောင်အား လက်ညိုးလေးသာ အသာထိုးပြလေသည်။

'' ဟင် ...သြော် လရောင်ကို ဆိုတာလား မေမေကြီးရဲ့ ''

လရောင် ပြန်မေးလိုက်တော့ မေမေကြီးမှ ခေါင်းလေးညိတ်ပြလေသည်။ လရောင် ဝမ်းသာလွန်း၍ စကားပင်မဆိုနိုင်တော့ချေ။ လရောင် ငယ်စဥ်ကတည်းမှ ယခု အချိန်အထိ ထိုသို့ မိမိကို ဂရုစိုက်၍ အရေးပေးမှုမျိုး မရခဲ့ပေ။ မိခင်မရှိတော့သည့် အချိန်မှစ၍ လရောင်သည် '' ရတနာကျော်'' စံအိမ်ကြီးတွင် အခိုင်းအစေ တစ်ယောက်ကဲ့သို့သာ နေခဲ့ရသည်မို့ ထိုကဲ့သို့ ဂရုစိုက်မှုမျိုး မဆိုနှင့် သားအဖြစ်ပင် အသိအမှတ်ပြုမခံခဲ့ရပေ။

''ရပါတယ်မေမေကြီးရဲ့ လရောင် အိပ်နိုင်ပါတယ် မေမေကြီးသာ အိပ်ပျော်အောင် အိပ်နော်''

လရောင် ထိုသို့ဆိုလိုက်တော့ မေမေကြီးမှ
ကုတင်ဘေးရှိ အညာဂွမ်းကပ်စောင်ထူလေးအား လရောင်ကို အတင်းဆွဲပြီးလက်လှမ်းလေတော့သည်။

လရောင်ငြင်းမရတော့သည့်အဆုံး အသာလေးသာခေါင်းညိတ်လိုက်ပြီး မေမေကြီးအား ပြုံးပြကာ လက်ကမ်းပေးနေသောစောင်လေးအားယူလိုက်လေသည်။ လရောင် အိပ်ရာထဲသို့သာ ပြန်ဝင်လိုက်ပြီး ဘုရားရှိခိုးကာ မေမေကြီးကိုပါ တစ်ပါတည်း ကန်တော့လိုက်ပြီးအိပ်စက်ရန်သာ ပြင်လိုက်လေတော့သည်။

လရောင်ဖြာမှ...အေးသောကြောင့်(လရောင်ဖြာမှ...အေးသောကြောင့်)Where stories live. Discover now