မျက္မှန်အောက္မှ‌ရီဝေနေသော မျက်လုံးများအရ အပြင်မှာသောက်လာခဲ့ပုံပင်။

သူမ၏ စကားများကိုကြားပြီးနောက် မီး၀င်း၀င်းတောက်သွားသော စူးနစ်သည့်မျက်၀န်းတစ်စုံက ရှောင်းကျန့်ကောင်းစားမည်ကို မလိုမုန်းထား၍ ဒေါသထွက်ခြင်းအားကိုယ်စားပြုသည်ဟု သူမ
ထင်ခဲ့သည်။

“ရှောင်းကျန့်က စေ့စပ်မယ်?
ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ ကျွန်တော်
သေတောင် အဲ့နေ့မရောက်စေရဘူး”

တုံ့ပြန်ချက်က အိုဗာဖြစ်နေသလိုပဲလို့ သူမနည်းနည်းတွေးမိပေမဲ့ ခေါင်းထဲမထားမိခဲ့။

ရှောင်းစစ် မိမိကိုယ်ထဲမှသွေးများဆူပွက်လာသလို ခံစားမိတယ်။
မား ခဏခဏပြောခဲ့သလို ရှောင်းကျန့်က
မိမိအတွက် ခလုတ်ကသင်း ဖြစ်ပေမဲ့
ဘယ်တတ်နိုင်မှာလဲ အရွယ်ရောက်စထဲက
နှလုံးသားက ထိုသူ့အတွက်ပဲ ခုန်ပေါက်နေတာကို။
မားဘယ်သိမလဲ စာကြိုးစားပြီး အလုပ်တွေလဲဖိလုပ်ကာရှောင်းကျန့်ထက်သာအောင်ကြိုးစားခဲ့ခြင်းက အာရုံစိုက်ခံရဖို့အတွက်ဆိုတာ။

တလျှောက်လုံးခက်ခဲခဲ့တယ်။
မုန်းစရာကောင်းတဲ့တရားမ၀င်အဖေတူအမေကွဲအစ်ကို ဖြစ်သူကို တိတ်တခိုးချစ်နေရတာ။
မားကို အားနာမိပေမဲ့ ထိန်းချုပ်လို့လဲ
မရနိုင်ခဲ့ပါ။
တစ်‌ေန့မှာစကားတစ်ခွန်း
‌ေတာင် နပ်မှန်‌ေအာင်မ ‌ေပြာဖြစ်‌ေပမဲ့
တစ်အိမ်ထဲ အတူနေရတာနဲ့တင် ရောင့်ရဲပေးနေတာကို အခြားလူနဲ့စေ့စပ်မယ်တဲ့လား။

မ‌ဖြစ်စေရဘူး။
ဘယ်နည်းနဲ့မှ ဖြစ်မလာစေရဘူး။
မြိုသိပ်မနေတော့ဘူး ဒီလူ့ကို ဖွင့်ပြောပြီးအရယူမယ်။ လက္မခံမှာ၁၀၀ရာခိုင်နှုန်းသေချာနေလဲ ဘယ်သူမှမသိတဲ့နေရာခေါ်သွားပြီး ပိတ်လှောင်ထားလို့ရတာပဲ
မလား??
မနည်း၀င်ထားသောအယ်ကိုဟောလ် ပမာဏကြောင့် အတွေးများကပုံမှန်မဟုတ်ပေ။
ရုတ်တရတ် ချလိုက်သောဆုံးဖြတ်ချက်အချို့ကြောင့် အပေါ်ထပ်မှ ထိုလူ့အခန်းဆီဦးတည်လိုက်သည်။

ယဲ့ကျင်းလီကြောင်အသွားသည်။
ဒီကောင်လေးမူးပြီးပေါ်တင်ကြီး သွားရန်စတော့မလို့လား!!။

For Those Toxic PersonWhere stories live. Discover now