စကားထဲက နာမည်တစ်လံုးကြောင့်
သားဖြစ်သူရဲ့ အာရုံကသူမဆီစူးဆိုက် ရောက်ရှိလာပြီဖြစ်သည်။
သိပ်သိသာတာပဲ။
သိသာလျက်နဲ့ ဘာကြောင့်များ
သူမ မရိပ်မိခဲ့ရတာလဲ
ရှောင်းကျန့်.. ကောင်းကျိုးမပေးတဲ့ အဲ့ကလေးက မသေခင်ရော သေအပြီးရော စိတ်ဒုက္ခ‌ ပေးနိုင်လွန်းသည်။

မိဘများ၏ စီစဉ်မှုဖြစ်‌ေသာ်လည်းပြည့်စ‌ံုလှသောအိမ်ထောင်ဘက် ကိုသူမ
များစွာနှစ်သက်ခဲ့ပါသည်။
သို့ပေသိ ဘယ်သူထင်မိမှာလဲ ကိုယ်၀န်ခြောက်လ ရှိပြီး ‌ပျော်ရွှင်စရာအနာဂတ်လေးအတွက် မျှော်လင့်ထားသမျှအားလုံးဟာ ကလေးတစ်ယောက်ကြောင့် ပျက်စီးသွားခဲ့မယ်ဆိုတာ။

ခင်ပွန်း၏ အချစ်ဟောင်းဖြစ်သူ
ရေးခဲ့သော သေတမ်းစာနှင့်တကွ
ရောက်ရှိလာသောငါးနှစ်အရွယ် ရှောင်းကျန့်က သူမဘ၀အတွက်ကျိန်စာဆိုးတစ်ခုပင်။

သေဆုံးသွားသည့် အချစ်ဟောင်းကို ဘယ်လောက်ချစ်လဲဆိုတာ ထိုကလေးကို DNAတောင်
မစစ်ဘဲ ခေါ်လာပြီး လိုလေသေးမရှိ
ထားတာကိုကြည့်ပြီးသိနိုင်တယ်။

သူမနှင့် ရှောင်းစစ်က တရား၀င်ဇနီးနှင့်သားဖြစ်ပါလျက်နှင့်
အဆက်ဟောင်းဖြင့်ရခဲ့သော ကလေးကို
ပိုပြီးအလေးပေးဆက်ဆံတာကြောင့်
ရှောင်းကျန့်ကိုသူမမုန်းတီးခြင်းက ဖြစ်သင့်သည်မဟုတ်လား။

စစ်အာရဲ့ရပိုင်ခွင့်တွေကို တရားမ၀င်ကလေးကြောင့် လက်လွှတ်လိုက်ရမှာတော့ သူမခွင့်မပြုနိုင်ပါ။
ရှောင်းကျန့်က ငယ်ငယ်ထဲက ဘာသိဘာသာနေတတ်သည့်ကလေးမျိုးဖြစ်တာကြောင့် စစ်အာနှင့်ရော သူမနှင့်ပါ
အလွန်စိမ်းသည်။
သို့ပေသိ စစ်အာ က ဘယ်ကနေဘယ်လို
အဖေတူအမေကွဲ အကိုဖြစ်သူကို
ချစ်ကြိုက်နေခဲ့တာတဲ့လဲ။

မနေ့က အဖြစ်အပျက်ဟာ ရှောင်းကျန့်က မဟာမိတ်Companyဖြစ်သည့် ‘Luca's Company’ Ceo ၏သမီးနှင့် စေ့စပ်ချင်ကြောင်း ခရီးလွန်နေသည့်အဖေဖြစ်သူကို
ဖုန်းဆက်အကြောင်းကြားနေသည်ကို
သူမကြားလိုက်ရသည်က အစပြုသည်။

ထိုစေ့စပ်မှုကြောင့် ရှောင်းကျန့်ကပိုပြီးအင်အားကြီးမားလာကာ စစ်အာ၏နေရာကိုပါ ဝါးမြိုသွားမည် ကိုစိုးရိမ်၍ နောက်ကျမှပြန်လာသော သားဖြစ်သူအား အပူတပြင်းသတင်းပေးကာ
စေ့စပ်မှုကိုရရာနည်းဖြင့်တားဆီးရန်
ပြောကြားခဲ့သည်။

For Those Toxic PersonWhere stories live. Discover now