Part 23 ( U & Z )

Start from the beginning
                                    

​ဦးကောင်းတို့အိမ်ကနေထွက်လာပြီး
နောက်တစ်နေရာကိုသွားဖို့ပြင်လိုက်သည်။ ထိုနေရာက နွယ်ရှိတဲ့နေရာ...

                                * * * 

အပြင်က နေရောင်ခြည်ကိုမမြင်ရတာ ဒီနှစ်နဲ့ဆိုရင် ၃နှစ်ရှိပြီ။ အချိန်တွေကို နောက်ပြန်ဆုတ်လို့ ရမယ်ဆိုရင် စိုင်းကို မချစ်ခဲ့သင့်ဘူး။
နွယ့်ရဲ့အချစ်က မဖြူစင်ဘဲ အတ္တကြီးလွန်းခဲ့တယ်။ နွယ့်ရဲ့အချစ်နှင့်ယှဉ်ရင် ကြွေရုပ်ရဲ့အချစ်က
သာလွန်းပါပေတယ်။

"နွယ်! ဧည့်တွေ့လာတယ်"

ဧည့်တွေ့လာတယ်တဲ့ နားကြားပဲမှားသလား?။
သုံးနှစ်လုံးလုံး ဧည့်တွေ့လာမယ့်သူကို စောင့်နေခဲ့ပေမယ့် ဘယ်သူမှမလာခဲ့ဘူး။နွယ့်ကို
လာကြည့်မယ့်သူလဲ မရှိဘူးလေ။

​ဧည့်တွေ့အခန်းထဲစောင့်နေရင်း ပွင့်လာသော
တံခါးနှင့်အတူ နွယ့်ကိုတွေ့လိုက်ရသည်။
အဝတ်အစားဆိုရင်
တောက်တောက်ပြောင်ပြောင်နှင့်ဈေးကြီးလွန်း မှကြိုက်တဲ့နွယ်ဟာ အရောင်အဆင်းမရှိ သော ထောင်အကျီကိုဝတ်လို့ထားသည်။ အထင်သေး လွန်းသော အကြည့်တွေနဲ့ ထိုးနှက်တတ်သော နွယ့်ရဲ့အကြည့်တွေဟာ ပျောက်ဆုံးလို့နေသည်။ နွယ့်ရဲ့မောက်မာသော မျက်နှာအမူအရာကို အခုချိန်မှာ မတွေ့ရပေ။ တစ်ချိန်က နာမည်ကြီးသော
နွယ်နှင့် အခုမြင်တွေ့နေရသော နွယ်ဟာ ကွာခြားလို့နေသည်။

"နွယ်..."

"နွယ် မျက်နှာပူစွာနဲ့ပဲကြွေရုပ်ကို
တောင်းပန်ပါတယ် နွယ်ရဲ့အပြစ်တွေအကုန်လုံးကိုလဲ ခံယူပါ့မယ် နွယ့်ကို ခွင့်လွှတ်ပေးပါ"

"ခွင့်လွှတ်ပေးရအောင် ကျနော်က အဲ့လောက် သဘောထားမကြီးဘူး! နွယ့်ကိုခွင့်မလွှတ်ပေး
နိုင်ဘူး နွယ့်သာ အတ္တမကြီးခဲ့ရင် ကျနော့်အဖေ သေမှာ မဟုတ်ဘူး!နွယ့်ကိုမုန်းတယ်"

ထိုနေရာမှ ဆက်မနေနိုင်ဘဲ ထွက်လာလိုက်
သည်။အစကတော့ နွယ့်ကို ခွင့်လွှတ်ပါတယ် လို့ပြောချင်ပေမယ့် တစ်ကယ်တမ်း
နွယ်နှင့်တွေ့တော့ 'ခွင့်လွှတ်ပါတယ်'ဆိုတဲ့စကားက ထွက်မလာခဲ့ဘူး။

ကြွေရုပ်ပြောသွားတဲ့စကားတွေက
မှန်ပါတယ်။ နွယ်သာအတ္တမကြီးခဲ့ရင်
အခုလိုဖြစ်မှာမဟုတ်ဘူး။

'ဝဲ'Where stories live. Discover now