🤍Angel Baby🤍

Depuis le début
                                    

လာနေရင်း အပင်အောက်က စီးကရက်နဲ့
ပြီတီတီမျက်နှာကိုမြင်သည်နှင့်ယုန်ကလေး
ရပ်သွားသည်။ပိုဝိုင်းစက်သွားသော
မျက်လုံးလေးတွေဖြင့်ကြည့်နေသည်။

အပင်အောက်ကစီးကရက်ဖွာနေသူကလည်း
ပြုံးယဲ့ယဲ့ဖြင့်တစ်လှမ်းချင်းCelebrity
တစ်ယောက်လိုလျှောက်လှမ်းလာသည်။

အနီးနားရောက်တဲ့အခါ အဖြူလုံးလေးက
မျက်လွှာချသွားတယ်။
စီးကရက်တစ်ချက်ဖွာပြီး ဓားပြတိုက်သလို
ကြယ်ရောင်မျက်လုံးလေးတွေနားခပ်နီးနီး
အတင်းတိုးကာ....

"ပေး အဖြေ......"

ကြားနေလည်းမကြားသလိုအူလည်လည်
လုပ်တတ်တာသူ့အကျင့်။
စိတ်တွေထဲလည်းတစ်ခါမှရယ်မရှည်ဘူး။
ဒါပေမယ့်လည်း ထိုအမူအယာလေးတွေကို
ပဲအူလှိုက်အသဲလှိုက်ပစ်ကြွေခဲ့တာဆိုတော့
မတတ်နိုင်ပါလေ။

"......."

"Bunny ...ကိုယ်စိတ်မရှည်တတ်တာ
မင်းသိပါတယ်ကွာ...."

ParkJiminက စိတ်မရှည်တတ်ဘူး။၃နှစ်လောက်ပဲ
စောင့်ခဲ့တာ....။ဒီနေ့မပေးလည်း
နောက်၃နှစ်ထပ်စောင့်မှာ တကယ်မရှည်နေဘူး။

"စီးကရက် တွေသောက်လာပြန်တယ်.."

သူစီးကရက်သောက်တာသိပ်မကြိုက်ဘူး။
ကျွန်တော့်Outfit ကလည်းစီးကရက်နဲ့မှ
အထာအကျဆုံးဖြစ်မှာမို့အလှတော့ဖွာရမှ။
မကျေမနပ်သောလေသံတိုးရှရှနားထဲရောက်လာ
တော့နှုတ်ခမ်းနားတေ့ထားတဲ့စီးကရက်ကို
လွှတ်ချလိုက်ကာဖိနပ်ဖြင့်ချက်ချင်းဖိချလိုက်သည်။

"ဖြတ်လိုက်ပြီ....."

"အဲ့တာ အမြဲတမ်းပြောနေတာပဲ..."

"မင်း ပြန်မချစ်ဘဲ ကိုယ်ကဘာလို့
မင်းခိုင်းတာလုပ်ရမှာလဲ...
ချစ်လိုက် ခေါင်းစခြေဆုံး
JeonJungkook မူပိုင်တံဆိပ်ခတ်နှိပ်ပေးမယ်"

အသက်၂နှစ်အတိသာကွာပေမယ့်
ကျွန်တော်ကသူ့ထက်အသိပညာအတတ်ပညာ
ကအနှစ်၂၀ကျော်လောက်ပိုတာမို့
ဒီကလေးဒီလိုစကားတွေပြောရင်သိပ်သဘောကျ
မှန်းသိပြီးသား။

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Jun 23, 2022 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

🤍Oneshot🤍Où les histoires vivent. Découvrez maintenant