"နင်က ဒီကိုရောက်နေတာလား ဝမ်ရိပေါ်.."

ဆက်ဖို့ပြင်နေတဲ့ အတွေးစတို့ တိကနဲ..

လှည့်ကြည့်လိုက်တော့ အတန်းထဲက ရင်းဖန်ဖန်း ဆိုတဲ့တစ်ယောက်..

"..."

ဘာမှပြန်မဖြေဖြစ်ဘူး... အဲ့လောက်ကြီးရင်းနှီးတယ်မထင်လို့..

သူမက သူ့ဘေးနားအထိ ရောက်လာပြီး...

"အတန်းခေါင်းဆောင်က နင့်ကိုရှာနေတယ်.
ဒီနေ့ညနေ သန့်ရှင်းရေးအလှည့်ကျတာ သူနဲ့နင်တဲ့.."

"အော်.."

နာရီကြည့်လိုက်တော့ ကျောင်းဆင်းချိန်​တောင်ရောက်လုပြီပဲ..
ဘာအပိုဆာဒါးမှ မပြောဖြစ်ပါပဲ သူစာအုပ်တွေသိမ်းလို့ သွားဖို့ပြင်တယ်..

"ဝမ်ရိပေါ်.."

ထပ်လှည့်ကြည့်မိပြန်တော့ ဖန်ဖန်းကသူ့ကို တစ်ချက်ပြုံးပြရင်း

"ငါ လိုက်ကူညီပေးရဦးမလား.."

"မလိုဘူး.."

သူ့ရဲ့ မြန်ဆန်တဲ့အဖြေမှာ သူမ မျက်နှာကွက်ကနဲတည်သွားလေရဲ့...

"..."

ကြည့်ရတာ မမျော်လင့်ထားတဲ့ပုံပဲ..

"အာ... ငါ့တာဝန်ဆိုတော့ ငါပဲလုပ်ရမှာ​ပေါ့... လာပြောပေးတာ ကျေးဇူးပဲ... "

ရုပ်တရက် အားနားစရာဖြစ်သွားတာမို့ သူ စကားပြန်ထိန်းလိုက်ပြီး ပြုံးပြလိုက်တော့ သူမက ပြန်လည် စိတ်ကျေနပ်သွားလေရဲ့...

သူ့ကိုနုတ်ဆက်လို့ လှည့်ထွက်သွားတဲ့သူမကိုကြည့်ရင်း သူ့ဆီသက်ပြင်းဖျော့ဖျော့ကျရောက်တယ်..

သူ ဖော်ရွေဖို့လိုအပ်တယ်ဆိုတာ သိတယ်...
တစ်ခါတစ်လေ ပြင်ရခက်တဲ့အကျင့်တွေက လူကိုခက်ခဲစေတက်ပါတယ်...

အားကစားကွင်းကို ကျောခိုင်းလို့ သူ့ခြေလှမ်းတွေက ကျောင်းခန်းမဆီဦးတည်လိုက်တယ်...

နေရောင်က ဝါဆွေးဆွေးနဲ့ မှိန်ပြပြ..
ညနေခင်းရဲ့မြောက်ပြန်လေက သုတ်ကနဲတိုက်ခတ်တော့ ရှည်စပြုနေပြီဖြစ်တဲ့ သူ့ရဲ့ဆံနွယ်တစ်ချို့က တစ်ချက်လွင့်သွားတယ်..

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now