အပိုင်း (၁၃)

Start from the beginning
                                    

" ထွေးတို့ သုံးယောက် ပိုက်ဆံလုံလုံလောက်စုပြီးတဲ့အခါ ပန်းဆိုင်လေး ဖွင့်ကြရအောင် "

ထွေးသည် ပန်းတွေရူးသွပ်သူပေမို့ အလိုက်သိတဲ့ အမျိုးသမီးနှစ်ယောက်ဟာ ပြုံးရင်း ခေါင်း ငြိမ့်ကာ ထောက်ခံလာကြတော့သည်။
ထိုအခါ ပြုံးသွားတဲ့ ထွေး ရုပ်ကလေးဟာ ကြည်ကြည်လင်လင်
သူ့မေမေ ပြန်သွားကတည်းကထွေးရုပ်ကလေး ညိုးနေသည်မှာ ခုမှပြုံးလာသည်ပင်

လပိုင်းလောက်ကြာသည်ထိသတိမထားမိသော ပတ်ဝန်းကျင်သည်
ထွေးတို့ မဂ်လာဆောင်ဖို့ အကျဉ်းချုပ်ကိစ္စတွေလုပ်သည်ကစ ကျွတ်ကျွတ်ညံလိုက်သည်ဆိုတာ ဘယ်သွားသွား ဒီ အကြောင်းတွေသာ ကြားနေရသည် ။
ထွေးဆီလည်း မန္တလေးက စာတွေလာသည်မှာ ဆက်တိုက် အကြောင်းအရင်းက မေမေ့ ဆီက အိမ်ပြန်လာရန်ချော့မော့စာများသာ
ထွေးဟာတော့ သိပ်ကောင်းတယ်မဂ်လာဖိတ်စာ ပြန်ပို့ပေးလိုက်မိသည်။

" ထွေး ..!"

မုန်တင်ခုံရှေ့မှာ စာဖတ်နေတဲ့ ထွေးဟာ
ယွန်း အသံကြားတော့လက်ထဲကစာရွက်ကို လုံးခြေလိုက်ရင်းမျက်ရည်တွေ ကပြာကယာသုတ်လိုက်သည်။
အဝေဟာ သူ့အဖေ လုပ်ငန်းမှာ ဦးစီးနေတာ အတော်ပင် အဆင်ပြေနေပြီဖြစ်သလို မဂ်လာဆောင်ပြီးရင်နေဖို့ သုံးယောက်ပိုက်ဆံနဲ့ အတော်အသင့်ကျယ်တဲ့ခြံလေးနဲ့ နှစ်ထပ်တိုက်ကလေးလဲ ဝယ်ပြီးပြီဖြစ်သည်။

" ထွေး ငိုနေပြန်ပြီလား "

တစ်နေကုန် ပန်းတွေနား အလုပ်ရှုပ်နေတတ်တဲ့ ထွေးအား ယနေ့ မတွေ့သည်မို့ ယွန်းသည်
ငွေ စာရင်းတွေ တွက်နေတုန်း လိုက်ရှာမိတော့ အမျိုးသမီးဟာ မှန်တင်ခုံရှေ့မှာ ထိုင်ငိုနေလေရဲ့

" အိမ်ကစာလား ဘာတဲ့လဲ "

"ဖေဖေတော့ ထွေးကို တစ်ကယ်စိတ်နာသွားပါပြီ အယွန်းရယ်~"

" ထွေးရယ် ...."

မည်သို့ဘယ်ပုံ နှစ်သိမ့်ပေးရမလည်းမတတ်သော ယွန်းသည် အဝေနှင့်ထွေးလို စကားလုံးလှလှလေးတွေလည်း မသုံးတတ်ခဲ့ပါ
ယွန်း လုပ်နိုင်သည်က ထွေးကိုယ်လေးကို ရင်ခွင်ထဲ ထည့်ရင်းထွေးပွေ့ထားသည်သာ

'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆွေး' [Complete]Where stories live. Discover now