"ရော့ဒါကိုဆောင်းထားစာသင်ခန်းထဲမှာတောင်မချွတ်နဲ့နော်ကလေးမျက်နှာကိုတက်နိုင်သလောက်သူများတွေမမြင်အောင်နေ"

"အမ် ဒါကလေနည်းနည်းမပိုဘူးလား"

"မဆောင်းဘူးဆိုရင် အပြင်တေလိုက်မပို့တော့ဘူးနော်"

"မဟုတ်ဘူး ဆောင်းမှာပေါ့ ဆောင်းမှာ ဟီးး"

‌At school

"မောင်ဟိုဘက်အခန်းမှာ ရှိမယ် တခုခုဆိုမောင့်ကိုလာပြော.....ဆရာမ စိတ်ချမယ်နော်"

ပြောနေပုံမှာမိဘက ကလေးကျောင်းလာအပ်တဲ့ပုံ‌နှင့်ပင်တူနေသည်။ အရင်ကထက်ရှိုင်းယံရဲ့ဒီလိုပုံစံမမြင်ဖူးတာကြောင့်ကျောင်းသားတေနဲ့ဆရာမတေမှာအံ့ဩနေကြသည်။ထက်ရှိုင်းယံမှာကျောင်းရဲ့kingဖြစ်တာကြောင့်ရောက်တာနဲ့ဇင်ဖြိုးသော်ကိုမနာလိုတဲ့သူတွေထဲမှာမှ မိန်းကလေးတစု

"နေပါဦးအဲ့ကောင်လေးကဘာအဆင့်ရှိလို့ ရှိုင်းထက်အောင်ကဂရုစိုက်နေရတာလဲ"

"အေးလေ ဦးထုပ်ကဆောင်းထားသေးကျောင်းထဲအထိ စောက်တောသားပဲ"
ဟား ဟား ဟား

"တွေ့ကြသေးတာပေါ့ ကောင်စုတ်လေး"

အခန်းနောက်ဆုံးတန်း‌တွင်ပြောမရလို့ဆရာမတေပါဘေးမဲ့လွှက်ထားတဲ့မိန်းကလေး၄ယောက်မှာဇင်ဖြိုးသော်အကြောင်းကိုအားရပါးရပြော၍လှောင်နေကြသည်ကိုဇင်ဖြိုးသော်လေးမသိခဲ့ပါ

"Yoo ကျောင်းသား‌သစ်လေး နာမည်က ?"

"ဇ ဇင်ဖြိုးသော်ပါဗျ အသက်၁၅ ***မှာမောင်နဲ့အတူနေပါတယ် ခင်ပေးပါဦးဗျ"

"ဟိတ်နေပါဦး မင်းကိုတရားရုံးမှစစ်မေးနေတဲ့အတိုင်းပဲ "

"ကျွန်တော်မှားသွားလား တောင်းပန်ပါတယ်"

"ဟယ် လုပ်ပါဦးမငိုနဲ့လေ ငါဘာမှလည်းမလုပ်ရပါဘူး ခနခန မောင်ဆိုတာခုနကထက်ရှိုင်းယံကိုပြောတာတော့မဟုတ်ဘူးမလား"

"ဟင့် ဟုတ်တယ်လေ ဘာလို့လဲ ဟင့် အင့် "

"မင်းတို့ကရည်းစားတေလား"

"ဟင့်အင်း"

ခေါင်းလေးခါပြကာ

"မင်းသူထက်အသက်ကြီးလား"

မောင်သည်သာကျွန်တော်ရဲ့မြတ်နိုးရာWhere stories live. Discover now