ခက်နွယ်ရင်ထဲတစ်ချက်နွေးသွားသည်။မှိုင်းမောင်က သူ့ကိုဂရုစိုက်နေသည်တဲ့လား!
“ရပါတယ် မြို့ကယူလာတဲ့ ဆေးတွေရှိတယ် ”
အပေါ်ဘက်က ဆိုလာနဲ့ ထွန်းထားတဲ့ မီးသီးအလင်းရောင်က အပြင်ဘက်က အမှောင်တွေကြောင့်အထဲမှာပိုပြီးလင်းထိန်လာသလိုပင်။ခက်နွယ်ရဲ့မျက်တောင်ရှည်လေးတွေကအပေါ်မီးရောင်ကြောင့် ပါးပေါ်မှာတောင်အရိပ်ထင်ကျနေသည်။
“ရော့ ကျုပ်တို့ အထက်ပိုင်းက မိတ်ဆွေပို့ပေးလာတာ ”
အိတ်နဲ့ထုတ်ထားတဲ့ အသီးရဲရဲလေးတွေကို မှိုင်းမောင်ပေးလာတော့ ခက်နွယ်လှမ်းယူလိုက်သည်။မတော်တဆထိမိသွားတဲ့ လက်ပေါ်ကအပူဓာတ်ကြောင့်မှိုင်းမောင်က သူ့လက်ဖ၀ါးကြီးကြီးနဲ့ ခက်နွယ်ရဲ့နဖူးကျဉ်းကျဉ်းလေးကိုစမ်းလိုက်သည်။
“ကိုယ်ကသိပ်တော့မပူပါဘူး နေပါညကျအဖျားတက်နေမယ်ကျုပ်ဆိုင်ကယ်နဲ့ ဟိုဘက်ရွာဘက်အဖျားကျဆေးဝယ်ခဲ့ပေးမယ် ခင်ဗျား ဆေးတွေက ရက်လွန်နေပြီလားမသိပဲ ”
ခက်နွယ်မျက်မှောင်ကြုံ့လိုက်ပြီး 
“မဖြစ်နိုင်တာ”
“ဘာနေနေဗျာ ကျုပ်ကလုပ်ချင်တာဆိုလုပ်လိုက်ရမှကျေနပ်တာမျိုး ဗျ ကျုပ်သွား မယ်ဗျနော့် ခနနေကျုပ်ဝင်ပေးလိုက်မယ် ဘာမှမကြာပါဘူး ခနပဲ ”
“ဂရုစိုက်သွားဉီး ”
“ကျုပ်ကိုစိတ်မပူပါနဲ့ဗျာ ကျုပ်ကသွားနေကြ ခင်များအထဲဝင်နားဦး ကျုပ်ရောက်လာရင်အသံပေးလိုက်မယ်”
“အင်း ”
ခက်နွယ်က်ုအပေါ်တက်အခန်းထဲနားနေစေကာ မှိုင်းမောင်က ဆိုင်ကယ်နဲ့လာခဲ့တာကြောင့်အိမ်ကိုသွားယူနေဖို့မလိုတော့။
ခက်နွယ်အခန်းထဲမှာခနနားလိုက်ပြီးနာရီဝက်လောက်နေတော့ ဆိုင်ကယ်သံကြားလိုက်ရတယ်။အောက်ကစကားပြောနေတဲ့အသံကြောင့် ခက်နွယ်အောက်မဆင်းပဲအခန်းထဲမှာသာနေလိုက်သည်။မကြာပါတံခါးခေါက်သံ နဲ့အတူဆိုင်ကယ်နှိုးသံကိုပါကြားလိုက်ရတယ်။
“ဆရာလေးခက်နွယ် အကိုမှိုင်းမောင်က ဆေးတဲ့လေ ”
သူကြီးကအလုပ်တွေကူဖို့ခေါ်ထားတဲ့ကောင်လေးကသူ့ကိုဆေးထုတ်ပေးလာခဲ့သည်။ ခက်နွယ်ထိုကောင်လေးကိုပြုံးပြပြီးဆေးထုတ်ကိုယူလိုက်သည်။ဘယ်ဘက်လက်ဖြင့်တံခါးကိုပိတ်လိုက်ပြီး ညာဘက်လက်ဖြင့်ဆေးထုတ်ကိုဆုပ်ကိုင်ကာရင်ဘတ်နားထိကပ်လိုက်သည်။