အပိုင်း(၁၂)

Start from the beginning
                                    

" တစ်ခုခု ပြောစရာမရှိတော့ဘူးလား ရတနာ"

" တောင်းပန်ပါတယ် ထွေးဘယ်တော့မှ ဒီ အမျိုးသမီးနှစ်ယောက်ကို ထားခဲ့မှာမဟုတ်လို့ ဒီက ညမမိုက်ကို ထားခဲ့ပါတော့ မမရယ်"

" ရတနာရာ ...နင် မို့ နင်မို့ "

လက်ညိုးတစ်ထိုးထိုးနဲ့ မမဟာ
မျက်ရည်တွေကို အကြမ်းပတမ်းသုတ်နေသည်မို့ သူ(မ)ပါးဖွေးဖွေးလေးများ ပွန်းပဲ့သွားမည်ကို ထွေးစိုးရိမ်လိုက်ရသေး
နာနာကျည်းကျည်း ကြည့်လာတဲ့ မမဟာ ထွေးနှလုံးသားထဲ စကားအချို့ ရိုက်ထည့်ပြီးနောက် ထွက်ခွာသွားတော့သည်။

" နင်က ငါ့ညမ မဟုတ်တော့ဘူး !"

" ထွေးဟာ မြတ်နိုးရတဲ့ အမျိုးသမီးနှစ်ယောက်ကို ပိုင်ဆိုင်ချင်ခဲ့ယုံပါ "

သနပ်ခါးဖွေးဖွေးများ လိမ်းခြယ်ထားသော ပါးပြင်၌ မျက်ရည်စီးကြောင်း နှစ်ခု နေရာယူသွားသော်လည်း ရှိုက်သံတွေတော့ ထွက်မလာခဲ့ပါချေ။
မမဟာ အချိန်ကိုက်ကိုရောက်လာတာ
ထို အမျိုးသမီး နှစ်ယောက် အိမ်မှာ မရှိတုန်း ရောက်ချလာတာ မဟုတ်ရင် ပြဿနာတွေ ဖြစ်ကြအုံးမှာ ထွေး စိုးထိတ်ရပါသည်။

" ထွေးငယ် !!"

"ဟင့် အဝေ "

အိမ်ဝမှာ ရောက်ရောက်ခြင်း ဒေါကြီးမောကြီး ထွက်လာတဲ့ ထွေးငယ်ရဲ့ အမဖြစ်သူ တွေ့တာကြောင့် အဝေမှာလက်ထဲက အထုပ်တွေ ယွန်းထဲ အင့်ခနဲ ပစ်‌ေပးကာ ‌ဝင်လာတော့ ဧည့်ခန်းမှာ ထိုင်ငိုနေတဲ့ အမျိုးသမီးကို တွေ့လိုက်ရတော့သည်။ တစ်ကယ်တော့ ထွေးငယ်က အချွဲကလေးပင် ခုလည်း ကလေးလေးလို ရင်ခွင်ထဲ ဝင်ငိုနေပြန်

" ထွေးကိုဘာတွေ ပြောသွားသေးလည်း "

"ဟင့်အင်း ဟင့်အင်း ထွေး မပြောချင်ဘူး"

အယွန်းက ဝင်လာပြီး မေးသည်ကိုပင် မဖြေချင်တဲ့ထွေးဟာ အဝေ့ ရင်ခွင်ထဲကနေ ခေါင်းကိုသာ အဆက်မပြက် ခါရမ်းနေခဲ့သည်။
တစ်ခါတစ်လေတော့များ အချို့ပြဿနာတွေကို သုံးယောက်အတူ ဖြေရှင်းချင်တဲ့ ကိစ္စကို ထွေးအား နားလည်အောင် ဘယ်လို ပြောရမလည်း အဝေရော ယွန်းရော မ‌သိပေ

'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆွေး' [Complete]Where stories live. Discover now