.....
'' ဖယ်ကွာ မောင်ရေ ''
'' ဗျာ....''
'' ကြည့် မစနဲ့တော့မောင်ရာ သွားအနားမလာနဲ့ ''
သီချင်းရေးနေတဲ့ကျွန်ေတာ့်ကိုအနောက်ကနေသိုင်းဖတ်လို့လှုပ်ရမ်းနေသူကြောင့်
လက်ဖြင့်တွန်းထုတ်တော့
မောင်ကအမြင်ကပ်ဖို့ကောင်းအောင်ရယ်လာသည် ။
ကျွန်တော်ပြုံးမိပါသည် ။
မောင်ကအမြင်ကပ်အောင်ကိုပြုံးရင်လှလွန်းပါ၏ ။
ကျွန်တော်ကမောင်နဲ့ပတ်သပ်ရင်မောင့်အပြုံးကအစအပြုအမူတို့အဆုံး
ချစ်မြတ်နိုးနေမိတာအရူးတစ်ယောက်လိုပါဘဲလေ.......... ။
မောင့်အပြုံး ၊ မောင့်ရင်ငွေ့အောက်ဝယ်ကျွန်တော်သည်အေးချမ်းရပင်မယ့်
မောင့်မိသားစုအသိုင်းအဝိုင်း ၊ မောင့်ပတ်ဝန်းကျင်
တို့ကြားတွင်တော့
ကျွန်တော်ဆိုတဲ့လူဟာအမြဲအနှိမ်ခံ ၊ အောက်ကျခံခဲ့ရသည် ။
'' ဟီဆွန်း မင်းပေါက်ကရတွေမလုပ်နဲ့တော့
အိမ်ကိုပြန်လာခဲ့ ဘယ်နှယ့် ဘယ်ကကောင်ကိုလက်ထပ်မှာလဲ
မင်းအဆင့်အတန်းနဲ့တူသလားတန်သလားမခွဲခြားတတ်ဘူးလား ''
'' မေမေ့ ¡¡
ဂျေးကိုအဲ့လိုမပြောပါနဲ့ ဂျေးကကျွန်တော်လက်ထပ်မယ့်လူ ''
ကျွန်တော့်နှလုံးသားလေးကျင်ခနဲဖြစ်သွားပေမယ့်
ဆုပ်ကိုင်လာသောလက်တစ်စုံနှင့်
စကားတို့ကြောင့်နွေးခနဲဖြစ်ရပါသည် ။
ထိုအချိန်ကမားမားမတ်မတ်ရပ်တည်ပေးခဲ့သောစကားတို့သည်
နောင်တစ်ချိန်တွင်
နာကျင်စေရမည့်ဆိုသည်ကိုတော့ကျွန်တော်မသိခဲ့ပါလေ..................... ။
...
'' မောင် ''
'' ပြော ဂျေးငယ် ''
'' ထားခဲ့မှာလား ''
ကျွန်တော်ပြောတော့မောင်ကရယ်သည် ။
ဆံနွယ်တို့ကိုဆွဲဖွရင်း
ပြောလာတာကအရူးလေးတဲ့ ၊
မောင်သိလား
နေမြင့်လေအရူးရင့်လေတဲ့ ၊ ဂျေးအချစ်တွေကမောင့်အပေါ်မှာအရူးတစ်ယောက်လို
ပုံအပ်ပေးထားတာ ဂျေးဟာအရူးပါမောင်
မောင့်အနားမှာအမြဲရှိေနခြင်တဲ့အချစ်ရူး.....။
မောင် ~~~~♥
Start from the beginning
