'' မသွားရဘူးဂျေး မောင်ခွင့်မပြုဘူးကွာ ''
မောင်ကတစ်ဇွတ်ထိုးဆန်သလို
ေပြာစကားနားမထောင် တဲ့ခပ်ဆိုးဆိုးကောင်လေးတစ်ယောက် ၊
ချစ်သူစဖြစ်ထဲကမောင့်စကားဆိုကျွန်တော်ဟာမြေဝယ်မကျနားထောင်နေမိတာမို့
မောင့်ရဲ့ဂျစ်တိုက်မှုေလးတွေကို
အပြုံးလေးဖြင့်နားထောင်လိုက်ရသည်ချည်းသာ.......... ။
'' မောင့်သဘော မောင့်အလိုကျမို့ ဂျေး မသွားတော့ဘူး ''
'' ချစ်တယ် ဂျေး ''
'' အတူတူပါဘဲ မောင် ''
မောင်ကပြုံးကာအနမ်းခပ်ဖွဖွပေးသည်
ကျွန်တော်ကမောင့်အနမ်းတွေကိုတုံပြန်ရင်းမောင့်ကျော့ကွင်းအတွင်းသားကောင်
ငယ်လေးလိုအတင်းတိုးဝင်ခဲ့ဖူးပါသည် ။
~~~~~~မောင်~~~~~~♥
'' မောင်နဲ့လက်ထပ်ရအောင် ''
'' မောင့်မေမေကရော ''
မောင်ကအပြုံးနုနုကိုစွန့်ကြဲလို့အနမ်းတွေအားအရှိန်မြင့်တင်လို့လာခဲ့သည် ။
မမြင်လေရော့သလားမောင်ရယ်
ဂျေးရဲ့မျက်ဝန်းတွေကို
ကြောက်ရွံနေသောဒီမျက်ဝန်းတွေကိုလေ...........
ကျွန်တော်ကြောက်သည် ။
မောင့်နဲ့ဝေးရမှာကို
မောင့်ရဲ့တစ်ဇွတ်ထိုးဆန်မှုကြောင့်မောင်နဲ့ကျွန်တော်ဝေးရမှာကို
ကျွန်တော်တကယ်ကြောက်ပါသည် ။
'' အင့် မောင်........ ''
နှုတ်ခမ်းသားတို့အားနမ်းရှိုက်နေရာမှပွေ့ချီလိုက်သောမောင်ကြောင့်
မောင့်လည်ပင်းကိုသိုင်းဖတ်လို့
မောင်ဦးဆောင်ရာသို့ စီးမျောရုံမှတစ်ပါးကျွန်တော်အခွင့်မသာခဲ့ပါ ။
ထိုနေ့ညက
ချွေးစေးတွေကြားမောင့်ရဲ့ရင်ဖိုဖွယ်မျက်နှာချောချောအား
ကျွန်တော်သည်အောက်နှုတ်ခမ်းပါးကို
နာနာကိုက်ရင်းငေးကြည့်သည် ။
မျက်ဝန်းတွေတွင်တော့နာကျင်မှုတစ်လှည့်စိုးရိမ်မှုတစ်လှည့်ကြောက်ရွှံမှုတစ်လှည့်
မျက်ရည်စတို့ဖြင့်.............
*မောင့်ရဲ့ပျော်ရွှင်မှုဟာဂျေးအတွက်ဖန်တီးရာမို့မောင်စေလိုရာသာစေပါကွယ်*
မောင် ~~~~♥
Start from the beginning
