ကျန်းမားမားပြောတဲ့ဟန်အာလေးပုံပြင် အပိုင်း-၂

Start from the beginning
                                    

ဟန်အာက သူ့ မားမားနဲ့ သူ့ ကျူးအားရီနဲ့အတူတူနေရတဲ့ တနင်္ဂနွေနေ့တွေကိုအမြဲ စောင့်မျှော်နေတတ်ပါတယ်။ ဟန်အာအဆောင်ကို ရောက်တော့ ကျူးအားရီက ဟန်အာကိုပြောတယ် "ဟန်အာ၊ ကျူးအားရီမှာ ကလေးလေးမရှိဘူး၊ ဟန်အာက ကျူးအားရီနဲ့ အတူတူအိပ်လို့ရမလား" ဟန်အာက ကျူးအားရီရဲ့ အိပ်ယာထဲကို စိတ်အားထက်သန်စွာ တက်အိပ်တတ်တယ်။ 

ကျူးအားရီရဲ့ မန်ဒရင်စကားသံက အရမ်းနားထောင်ကောင်းတယ်။ ဟန်အာရဲ့ စကားသံက ကျန်းရှီးလေသံဝဲနေတော့ ကျူးအားရီက သူ့ကို အမြဲတမ်းအတုယူပြီး နောက်ပြောင်တတ်ပါတယ်။

ဟန်အာက  “မားမား ကျူးအားရီလို နားထောင်ကောင်းအောင် ဟန်အာ ဘယ်လိုပြောရမလဲ” လို့ တိတ်တဆိတ် မေးတတ်ပါတယ်။

ကျူးအားရီက ဟန်အာကို ကလေးချောလေးလို့ ခေါ်ပြီး ဟန်အာအိပ်ပျော်နေချိန်တိုင်း ဟန်အာကို ငုံ့နမ်းပြီး "ဒီလှပတဲ့ မျက်နှာလေးက အိပ်ပျော်သွားတဲ့အခါ ပိုပြီးလှပတယ်" လို့ပြောတတ်ပါတယ်။   ဟန်အာကလည်း အရမ်းထက်မြက်ပြီး သူ့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုရာမှာ ထူးချွန်ပါတယ်။

"ကျူးအားရီက အရမ်းလှတယ်၊ ကျူးအားရီကို ဟန်အာက အရမ်းချစ်တယ်" လို့သားကပြောရင်  ကျူးအားရီကအရမ်းပျော်သွားတတ်တယ်။

"မင်းတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အမွှမ်းတင်လိုက်တာ"လို့ကျွန်မက ပြောယူရတဲ့အထိပါပဲ၊ သားရဲ့ ကျူးအားရီ က ချောမောလှပရုံတင်မကပဲ သီချင်းသီဆိုတာနဲ့ အကလည်းအရမ်းကောင်းပါတယ်။  ဟန်အာက ကျူးအားရီကို သဘောကျသည်မှာလည်း အဓိပ္ပါယ်ရှိပါတယ်။  

အနုပညာဖျော်ဖြေပွဲတွေမှာ  ကျူးအားရီနဲ့ကျွန်မက စင်မြင့်ပေါ်မှာ အတူတူသီချင်းသီဆိုခဲ့ပါတယ်။ ဟန်အာ က သူ့မားမားကျွန်မအတွက် စိတ်လှုပ်ရှားခြင်းမရှိပေမယ့် သူ့ရဲ့ ကျူးအားရီကို အမြဲ အားပါးတရ အားပေးပါတယ်။   ချောမောလှပတဲ့ အမျိုးသမီးများကို နှစ်သက်ခြင်းက ယောက်ျားလေးရဲ့ သဘာဝလည်း ဖြစ်ပုံရပါတယ်။ 

ဟန်အာက တခါတရံမှာ သူ့ကျူးအားရီကို လူကြီးလေးလိုမျိုး စကားပြောတတ်ပါတယ်။ သူ့မားမားကျွန်မတောင် မသိ‌လောက်အောင် ဖုံးကွယ်ထားတဲ့ ခံစားချက်တချို့ကို ဟန်အာက သူ့ရဲ့ ကျူးအားရီကို ပြောပြပါလိမ့်မယ်။

မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသံများWhere stories live. Discover now