အပိုင်း(၁၁)

Start from the beginning
                                    

မီးရောင်ပြာလဲ့လဲ့အောက်တွင် ပူးကပ် ရှုပ်ရှက်ခတ်နေတဲ့ အမျိုးသမီးသုံးယောက်ဟာ အရိုင်းဆန်တဲ့ ပန်းချီကားတစ်ချပ်လို လှပနေခဲ့သည်။ ဆူညံနေတဲ့ အခန်းထဲ အပြာရောင်အသံပေါင်းစုံ ညံလို့နေသည်မှာ ဂီတသံစဥ်တွေအလား ပါးပြင်ပေါ် ဖြတ်သွားတဲ့ မျက်ရည်တွေကို အနမ်းတွေဖြင့် ချော့မြူနေတဲ့ အမျိုးသမီးနှစ်ယောက်ဟာ ထွေးအကြောင်း ကောင်းကောင်း သိသူများသာ

ဝေလီဝေလင်းအချိန်မှာ ငြိမ်သက်သွားတဲ့ အခန်းငယ်
ပွေလီတွန့်ကြေနေတဲ့ အိပ်ယာခင်းကို မလဲအား ကြမ်းပြင်ထက်က အဝတ်တွေ ယူမလဲအား နေရောင်ခြည်က ဝင်မနှောက်ယှက်စေရန် လိုက်ကာ‌စတွေ ဆွဲပိတ်လို့ ပင်ပန်းကာ အိပ်မောကျနေသည့် ထွေးဘေး၌ အမျိုးသမီးနှစ်ယောက်ဟာ တစ်ဖက်စီနေရာယူလိုက်ကြပြီး ဖက်ကာ အိပ်စက်လိုက်တော့သည်။
မအိပ်ခင် ယွန်းဟာ အဝေနှင့် ထွေးပါးပြင်လေး ကို နမ်းရှိုက်လာတာကြောင့် ပြုံးနေတဲ့ အဝေကလည်း ထပ်တူ တယုတယ နမ်းရှိုက်ပေးလာတော့သည်။

" အီးဟီး လမ်းလျှောက်လို့မရတော့ဘူး အောက်ပိုင်းသေသွားတာလား ဗြဲ !!!"

"ဟာဟာ ထွေးငယ် ဘာတွေလျှောက်အော်နေတာလဲ "

"အောက်ပိုင်းတော့ မသေလောက်ပါဘူး ထွေးရဲ့ "

မထွက်တဲ့ မျက်ရည်ကို အတင်းညစ်ရင်း အာပြဲကြီးနဲ့ ထိုင်အော်နေတဲ့ ကုတင်ပေါ်က ထွေးအား အဝေနှင့် ယွန်းမှာ အသဲအသန် ချော့ရလေပြီဖြစ်သည်။
ယွန်း၏ အကျီလက်ရှည်အကြီး တစ်ထည်သာ ကိုယ်ပေါ် ရှိနေသော ထွေးဟာ အိပ်ယာထစဖြစ်တာကြောင့် စုတ်ဖွားလေးနဲ့ ဖျစ်ညစ်ချင်စရာလေး ဖြစ်နေတော့သည်။

" လူယုတ်မာကြီးတွေ !!!"

"အင်းပါ အင်းပါ ကိုယ်တို့မှားပါတယ်"

"လာပါအုံး ဒူးကိုဆေးထည့်ရအောင် "

စိတ်ကောက်နေတဲ့ အမျိုးသမီးဟာ ခါးကနေ ထိန်းကာခေါ်တော့လည်း အဝေ့ ပေါင်ပေါ် ဆွေ့ခနဲပါလာသည်မှာ သိပ်တော့ မလိုက်ချင်ပါဘူး သို့သော် မယ်တော်လေးက ရုပ်ကလေးကို ဆူချိတ်ထားလို့နေသေးသည်။

" ထွေး နေ့လည်စာ စားတော့မလား ကိုယ်သွားပြင်လိုက်မယ်"

"ဟင် နေ့လည်စာ !"

'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆွေး' [Complete]Where stories live. Discover now