မငိုပါနဲ့သူငယ်ချင်း

Start from the beginning
                                    

ယနေ့ကျွန်မလက်ခံရရှိသောသူငယ်ချင်းတစ်ယောက်ဆီကစာတစ်စောင်ကို ပူးတွဲပေးပို့ပါတယ် ...

ရှောင်ကျယ်မားမားရေ...
     ငယ်ရွယ်နုပျိုပြီးတောက်ပတဲ့သားလေးကို ပြုစုပျိုးထောင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ငါကသူ့ကို ငါးလကျော်လောက်သာဆုံခဲ့ရပေမယ့် သူ့ဘဝရဲ့ အတက်အကျအတွက် သူ့ဘဝရဲ့ အဆင့်တိုင်းကိုသူက ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ပြီး သူ ငါတို့အတွက် ယူဆောင်လာပေးခဲ့တဲ့ ခွန်အားတွေက လူတော်တော်များများကို စိတ်အားထက်သန်စေခဲ့ပါတယ်။ သူ့မှာ အပြစ်ကင်းစင်တဲ့စိတ်ရှိပြီး လူ့အဖွဲ့အစည်းကို စေတနာကောင်း ဖြန့်ဝေပေးနိုင်တဲ့ စွမ်းရည်ကို မဆုံးရှုံးသေးပါဘူး။  ငါတို့အနေနဲ့ မုန်းစရာကောင်းတဲ့ ဒီသြဂုတ်လမှာမသမာသူတွေကြောင့် နက်ရှိုင်းသောချိုင့်ဝှမ်းထဲသို့ကျသွားခဲ့ရသော Xiao Zhe အဖြစ်ကိုရင်ဆိုင်ရင်း နှလုံးသား တွေကြေကွဲခဲ့ရပါတယ်။ မားမားလို မိခင်အရင်းတစ်ယောက်ဆိုရင်တော့ မြှားအစင်းတစ်ထောင်ထိုးဖောက်သလိုမျိုး နာကျင်ခံစားရမှာနားလည်ပါတယ်။  မားမားက XiaoZhe ထက် ပိုခံစားခဲ့ရမှာသိပေမယ့် မားမားကပဲ မိခင်တစ်ယောက် အနေနဲ့ XiaoZhe ထက် ပိုသန်မာနေရမယ်။ မားမားကပဲ XiaoZhe လက်ကိုကိုင်အားပေးပြီး XiaoZhe ရဲ့ဒဏ်ရာရနေတဲ့ခန္ဓာကိုယ်နဲ့စိတ်နှလုံးသားတွေကို မားမားရဲ့နွေးထွေးတဲ့ရင်ခွင်မှာကုသခွင့်ပေးလိုက်ပါ။  သူတစ်ဖန်ပြန်လည်မွေးဖွားပြီး မားမားရဲ့နက်နဲတဲ့မိခင်မေတ္တာနဲ့ တဖန်ပြန်ပြီးထရပ်နိုင်လိမ့်မယ်လို့ ငါတို့ ယုံကြည်ပါတယ်။  သူ့ကိုယ်‌ပေါ်ကအလင်းရောင်ကသူ့ပတ်ဝန်းကျင်ကလူတွေကို ဆက်လက်တောက်ပနေစေလိမ့်မယ်လို့ ငါတို့ယုံကြည်ပါတယ်။ လူတော်တော်များများက သူ့ကြောင့် သူတို့ကိုယ်သူတို့ အကောင်းဆုံးဖြစ်အောင် တွန်းအားပေးကြိုးစားကြတယ်။  ဒဏ္ဍာရီဆန်ဆန် ဖျော်ဖြေရေးစက်ဝိုင်းကြီး ရှင်းလင်းသန့်စင်သွားတဲ့တနေ့မှာ ဖုန်မှုန့်များနှင့် အညစ်အကြေးများကို သုတ်သင်ပြီး သူ့အိပ်မက်ကိုဆက်ပြီးအကောင်အထည်ဖော်ပါ။  ဒါက ငါ့တို့ရဲ့ မျှော်လင့်ချက်နဲ့ ကောင်းချီး‌ပေးမှုဖြစ်သလိုမားမားရဲ့ဆန္ဒဖြစ်မယ်လို့ယုံကြည်လျှက်...
    XiaoZhe ရဲ့ အစ်မတစ်ယောက်

မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသံများWhere stories live. Discover now