'' ဒါ မြင့်သမီးလေးလေ မော်လီ တဲ့
ကောလိပ်တက်နေတယ်...  ´´
'' အို သမီးလေးက အချောလေးပဲ... သမီးလေး မှတ်ထား ဒါ အန်တီ့သားလေး ရစ်ချက်တဲ့ နောက် လမ်းတွေ့ရင်လည်း ခေါ်ပေါ့ ´´
'' ဟုတ်ကဲ့ရှင့် ´´
မော်လီ သိမ်သိမ်မွေ့မွေ့လေးသာ ပြန်ပြောလိုက်လေတော့သည်။
'' ဒါနဲ့ သူက ဘယ်သူတုန်း မြင့်ရဲ့ အရင်က မမြင်ဖူး ပါ့လား ...´´
မီးဖိုခန်းထဲ မှ ကော်ဖီ ဗန်းလေးတွေကို လာချပေးတဲ့ လရောင် ကို မြင်တော့ အရေးပိုင်မင်း ကတော်မှ မေးလေတော့သည်။
'' ယဥ်ယဥ်လေးနော် ဘယ်သူများလဲကွယ် ´´
ဆံပင်ရှည်ကြီးကို အနောက်တွဲ ထုံးကာ ယောပုဆိုးလေး နဲ့ ကော်ဖီ ဗန်းလေးကို ကိုင်ပြီးဝင်လာတဲ့ လရောင် ကိုမြင်သည့် အခါမှာတော့ အရေးပိုင်မင်း ကတော်ရော ရစ်ချက် ဆိုသူပါ အကြည့် များက လရောင် ဆီမှာသာ...ဖြစ်သည်။
ဒေါ်မာရင်မြင့် အောက်နှုတ်ခမ်းကို ကိုက်ကာ လရောင်ကို မျက်စောင်းထိုးပြီး မသတီ
သလိုကြည့်လိုက် လေသည်။ မော်လီ ကပါ လရောင်ကို မျက်စောင်း တစ်ခဲခဲ နဲ့ ကြည့်လာသော အခါတွင်တော့ လရောင် ခြေထောက်တွေပင် မခိုင်ချင်တော့ပေ ။
'' သြော် ခိုင်းဖို့ခေါ်ထားတဲ့ ကောင်လေးပါ ´´
'' ဟွန် ကောင်လေးလား...မြင့်ရဲ့ ´´
မြင့် ရဲ့ စကားကြောင့် အရေးပိုင်မင်း ကတော်ရော၊ ရစ်ချက်ဆိုသူပါ လရောင်ကို မယုံသလို
ကြည့်လာ သော အခါတွင်တော့ လရောင် ခေါင်းလေးသာ ငြိမ့်ပြီး ပြုံးပြကာ ထွက်ခဲ့လေတော့သည်။
'' အွန်း မိန်းမလျာလေး ဆိုပါတော့ကွယ် မော်လီလေးလည်း အဖော်လေးရအောင် အိမ်အလုပ်တွေလည်း လုပ်ရအောင် ခေါ်ထားတာပါ ´´
လရောင် မီးဖို ခန်းထဲ မရောက်သေး နောက်က ကြားလိုက်ရတဲ့ မေမေမြင့်ရဲ့ စကားများကြောင့် မျက်ရည်လေးတွေသာဝဲတက် လာလေတော့သည်။ လရောင် လည်း ဖေဖေ့သား မဟုတ်ပါလား... ဖေဖေ့သား ပါလို့ မပြောပြချင်ရင်တောင် အိမ်အစေ လို့တော့ မပြောသင့်ဘူး မဟုတ်လား...။ လရောင် ဝဲတက်လာသော မျက်ရည်လေးတွေကို မကျအောင် ထိန်းပြီး ကော်ဖီ ဗန်းလေးကို နေရာတကျ ချကာ ကြမ်းတိုက်ရန်သာ ပြင်လိုက်လေသည်။