"ခဏလေးပါ ဒေါ်လေးရယ် ကျွန်တော်တကယ်ပင်ပန်းနေလို့ပါဗျာ"

" ကဲဟယ်!မထချင်အုံး မှတ်ပြီလား ဟမ်"

ဒေါ်မေနွဲ့ရီမှာဒေါသများဆူပွက်လာပြီး အိပ်နေသောအမောင့်အား ခြေဖြင့်ကန်လေတော့သည်။

"အားးး မကန်ပါနဲ့ ဒေါ်လေးရဲ့၊ ထဆိုထပါမယ်"

မျက်ရည်အဝိုင်းသားနှင့်ကြည့်နေသော အမောင့်အား ‌ဒေါ်မေနွဲ့ရီက မဲ့ကြည့်ကာ....

"အဟင်းး တစ်ခုခုဆိုမျက်ရည်ကအရင်ပဲ၊ ယောက်ျားတန်မဲ့အရှက်ကိုမရှိဘူး!"

"ယောက်ျားကမျက်ရည်မကျရဘူးလို့ ဘယ်ဘုရားကဟောထားလို့လဲ"

"အကောင်!နင့်လိုအကောင်ကများငါ့ကိုပြန်အော်တယ်။အခြောက်လိုကောင်!နင်သေပြီသာမှတ်"

အမောင် ဒေါ်မေနွဲ့ရီကိုကြောင်ပြီးကြည့်နေမိသည်။သူပြောသမျှအမှားသာဖြစ်သည်။အခုလည်း ဒေါ်မေနွဲ့ရီမှာ မီးဖိုထဲသို့ပြေး၀င်သွားပြီး ရေနွေးအိုးကိုယူကာပြန်၍ထွက်လာလေသည်။

"ကဲဟယ် ငါ့ကိုပြန်အော်အုံး။ဟားးးး မှတ်ပြီလား"

အမြဲတမ်း အမောင့်ကိုနှိပ်စက်တတ်သော ဒေါ်မေနွဲ့ရီသည် အမောင့်အပေါ်သို့ ရေနွေးများကို‌‌ေလာင်းချလိုက်သည်။

"အားးးးး ပူတယ်။မလုပ်ပါနဲ့ ကြောက်ပါပြီ!ကျွန်တော်တောင်းပန်ပါတယ်"

ဖြူဖွေးသော အမောင့်အသား‌ရည်သည် ရေနွေးကြောင့် နီရဲသွားရလေသည်။အမောင် ဒီနေရာမှာမနေလိုတော့ပါ။သူလွတ်လပ်ချင်သည်။အမောင် ငိုယိုပြီးတောင်းပန်နေသော်လည်း ဒေါ်မေနွဲ့ရီသည် သူ့သားသမီးများကိုခေါ်လိုက်သည်။

"စက်ရောင်နဲ့မေခ အမေ့ဆီလာခဲ့စမ်း"

စက်ရောင်ဟုခေါ်သောသူ့သားနှင့်မေခဟူသောသူ့သမီးရောက်လာပြီး...

"ဘာလဲ။အမေ...မြန်မြန်ပြော ကျုပ် ကြက်တိုက်သွားရဦးမယ်"

"သူ့ကိုအခုကြိုးတုပ်လိုက်"

ဘယ်ဘ၀က၀ဋ်ကြွေးတွေလဲ အမောင်ရယ်..။ဒေါ်မေနွဲ့ရီ၏ရက်စက်ကြမ်းကြုတ်မှုသည် ဘယ်အထိရှည်ကြာမည်မသိ။စက်ရောင်နှင့်မေခသည် အမောင့်ကိုချုပ်ပြီးကြိုးတုပ်လိုက်ကြသည်။

ချစ်ခြင်းတည်စေWhere stories live. Discover now