I hate my (boy)friend & His precious kiss {Zawgyi}

2.2K 16 0
                                    


"ဘာလို့လဲ မင်းငါ့ကိုဘာကြောင့်ဒီလိုလုပ်ရတာလဲ
ငါတို့က.....သူငယ်ချင်းတွေဘဲမလား"

မင်းပါးပေါ်စီးကျလာတဲ့မျက်ရည်က
ငါ့ကိုမုန်းလို့လား
တောင်းပန်ပါတယ်ငါ့ရဲ့တန်ဖိုးမဲ့တဲ့အနမ်းကမင်းအတွက်ရွံစရာကောင်းနေရင်
ငါအနမ်းခြွေချထားတဲ့နှုတ်ခမ်းကိုကြမ်းတမ်းစွာဖယ်သုတ်ပစ်နေတဲ့မင်းလက်တွေကိုမြင်ရတာငါရင်တွေကွဲမတတ်ဘဲ

'သူငယ်ချင်း'
အဲ့ဒီစကားလုံးလေးကရိုးရိုးလေးမလားငါတို့နှစ်ယောက်ကြားမှာ
ပြီးတော့လှလည်းလှတယ်'သူငယ်ချင်း' တဲ့ သုံးလုံးတည်း
ပြီးတော့အဲ့ဒီစကားလုံးနဲ့မင်းကစည်းတားခဲ့တာမို့ငါရှေ့ဆက်မတိုးခဲ့တာ Phuwintang
နှလုံးသားကအဲ့ဒီထက်ပိုနေချင်ပေမဲ့ပေါ့
ချိုးဖျက်လို့မရတဲ့အဲ့ဒီစည်းကိုတော့ငါမုန်းတယ်
ပြီးတော့ငါ့အပေါ်ရှင်းရှင်းလင်းလင်းမပြုမူတတ်တဲ့မင်းကိုမုန်းတယ်
ငါ့ကိုသိပ်ဂရုစိုက်ပေးတဲ့မင်းကိုမုန်းတယ်
ငါ့ကိုရင်ခုန်အောင်သိပ်လုပ်တတ်တဲ့မင်းအပြုံးတွေကိုမုန်းတယ်
ငါ့စိတ်ကိုဂနာမငြိမ်ဖြစ်စေတဲ့မင်းအထိအတွေ့တွေကိုမုန်းတယ် ငါ့နှလုံးသားထဲမှာကပ်ပါးတကောင်လိုငြိတွယ်နေတဲ့မင်းကိုမုန်းတယ်
မျက်လုံးမှိတ်လိုက်တိုင်းပေါ်လာတဲ့မင်းအကြောင်းတွေကိုမုန်းတယ်
ငါမချစ်ဘဲမနေနိုင်အောင်တည်ရှိနေတဲ့မင်းရဲ့ဖြစ်တည်မှုကိုမုန်းတယ်
မင်းကိုအရူးအမူးစွဲလန်းမိနေတဲ့ငါ့ကိုယ်ငါလည်းသိပ်မုန်းတယ်...သူငယ်ချင်း

"ငါကPhuwinTangsakyuen
Phuwintangလို့လည်းခေါ်လို့ရတယ်"

PondNaravit
လို့ခေါ်တဲ့ငါကမင်းရဲ့ 'ภูวินทร์ ตั้งศักดิ์ยืน' ဆိုတဲ့မင်းနာမည်ကိုစာအုပ်အနောက်ဖုံးမှာမင်းမသိအောင်ချရေးရတာကြိုက်တယ်
အိမ်စာလုပ်ရမှာအပျင်းကြီးတဲ့ငါ့ကိုအိမ်စာတွေပြန်ကူးပေးရတဲ့မင်းနားမှာမုန့်ထိုင်ခွံ့ကျွေးရတာကိုကြိုက်တယ်
မင်းစားချင်တာတွေဝယ်ကွေးရတာလည်းကြိုက်တယ်
မင်းလိုချင်တဲ့အရာတွေကိုအနောက်ကနေတိတ်တိတ်လေးဖြည့်ဆည်းပေးရတဲ့ခံစားချက်ကိုလည်းကြိုက်တယ်
ငါရန်ပွဲတွေဖြစ်လို့ဒဏ်ရာရလာရင်မင်းဆဲဆိုသံနဲ့ကြမ်းကြမ်းတမ်းတမ်းဆေးထည့်ပေးတာတွေကိုကြိုက်တယ်
ငါ့ဘေးနားအိပ်ပျော်နေတဲ့မင်းမျက်နှာလေးကိုတိတ်တိတ်လေးငေးကြည့်ပြီးနဖူးပေါ်ခပ်ဖွဖွခိုးနမ်းရတာကြိုက်တယ်
သေလောက်အောင်နှစ်သက်တယ်
ငါ့ကိုမုန်းတယ်လို့ပြောတဲ့မင်းကိုသေလောက်အောင်ချစ်တယ်

PONDPHUWIN's OS collectionOù les histoires vivent. Découvrez maintenant