" ဟလို မမလှိုင် "
တစ်ဖက်ကအသံသေးသေးကို လှိုင်သဘောကျစွာနားထောင်လိုက်သည်။

" တို့ မင်းအိမ်ကို လာနေတယ် "

" ရှင်... ထွေးက အခုဆေးခန်းမှာလေ မမလှိုင်ရဲ့ "

" အိုး... မင်းအမျိုးသမီးက မင်းကိုတွေ့ချင်မြင်ချင်နေတယ်လေကွယ် "

" ဟုတ်ကဲ့ပါရှင် ။ ထွေးအခု လာခဲ့ပါမယ် မမလှိုင် "

" ဒီလိုမှပေါ့ကွယ် ။ ဒါဆို ဖုန်းချလိုက်တော့မယ် "

" ဟုတ် "

လှိုင် ကျေနပ်စွာပင်ပြုံးလိုက်သည် ။

ခင်ထွေးမွန် ဖုန်းပြောနေသံကို ကြားလိုက်တဲ့ မင်းလွင်က ထွေးအနားကို ကပ်လာသည် ။

" နင်နဲ့ ကံ့ကော်လှိုင် အဲ့လောက်တောင်ခင်လား "

" ဟုတ်...ခင်တယ်ပဲဆိုပါတော့ "
ထွေး သူ့အစ်ကိုကို ခေါင်းငုံ့ပြီးပြန်ဖြေလိုက်သည် ။

" ဒါဆို ငါနဲ့အောင်သွယ်ပေးပါလားဟင် "

" မလုပ်ချင်ပါဘူးဆို ဒါပဲခဏခဏလာပြောနေ "
ထွေး မျက်နှာပင်ပျက်သွားသည် ။

" ဒါဆိုလည်းနေပေါ့ ။ ငါကိုယ်တိုင်ပဲ ကြိုးစားတော့မယ် "

" လုပ်ချင်သလိုလုပ် "
​ထွေး စိတ်ပျက်လက်ပျက်ပြောပြီး ဆေးခန်းကနေထွက်လာလိုက်သည် ။ ထွေးမျက်နှာဟာလည်း ကြည်ကြည်လင်လင်ရှိမနေတော့ ။ ထွေး ကားငှားကာ အိမ်ကို ပြန်လာလိုက်တဲ့ လမ်းတလျှောက်လုံး အစ်ကိုဖြစ်သူကိုစိတ်ဆိုးနေသည် ။

*******************************

ဒေါ်ခင်ခင် ဧည့်ခန်းထဲမှာငြိမ်သက်စွာထိုင်နေတဲ့လှိုင့်ကို အကဲခတ်နေသည် ။

" ကော်ဖီလေး သောက်ဦးလေ သမီးရဲ့ "

" ဟုတ်ကဲ့ အန်တီ "

လှိုင် ဒေါ်ခင်ခင် စိတ့ကျေနပ်အောင် ကော်ဖီတစ်ငုံလောက် သောက်လိုက်သည် ။

" အထွေးက သမီးကို တော်တော်လေး ခင်တွယ်နေတာကွယ့် "

ဒေါ်ခင်ခင့်စကားကြောင့် လှိုင်ပြုံးမိသွားသည် ။

" လှိုင်လည်း ထွေးကို ခင်ပါတယ် အန်တီ "

ကံ့ကော်လှိုင်က စိတ်ခံစားချက်တွေကို ဖုံးကွယ်ရာမှာတော်သည် ။ သို့ပေမယ့် ဒေါ်ခင်ခင်ဟာလည်း လူကဲခတ်သည့်နေရာတွင် ခေသူတော့မဟုတ် ။ လှိုင် မည်မျှပင်ဖုံးကွယ်နေသော်ငြား
လှိုင့်ရဲ့ လှိုင့်ရဲ့လှုပ်ရှားလွန်းနေတဲ့စိတ်တွေကို ဒေါ်ခင်ခင်မြင်နေရပါသည် ။

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောWhere stories live. Discover now