🍃5 seconds🍃

204 9 0
                                    

At Osaka somewhere,

ကျွန်တော့်နာမည် Kim Taehyung။ ကျွန်တော်က အသက် 16နှစ် ပြီးတော့ ကျွန်တော့် ဖေဖေက Japanese မေမေက Korean ဆိုတော့ ကျွန်တော်က Japanese - Korean ကပြားပေါ့။ ကျွန်တော်က Korean ကော Japanese ကော နှစ်မျိုးလုံး အပြင် Englishကိုပါ 4 skills ရတယ်။ ငယ်ငယ်ကတော့ ကျွန်တော့်ဖေဖေက Seoulမှာ အလုပ်ရှိလို့ မူလတန်းကို Seoul မှာတတ်ခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်က အလယ်တန်းကနေစပြီး ဂျပန်မှာဘဲ ကျွန်တော့်ဖေဖေကြောင့် မိသားစုလိုက်အခြေချနေထိုင်လိုက်ရတော့တယ်။ ကျွန်တော်က အခုဂျပန်နိုင်ငံမှာရှိတဲ့ ယောကျာ်းလေးတွေချည်း သီးသန့်တတ်တဲ့ အထက်တန်းကျောင်းရဲ့ ပထမနှစ် ကျောင်းသားလေးတစ်ယောက်ပါ။

ဒါပေမယ့်ကျွန်တော့မှာ လျှို့ဝုက်ချက် နှစ်ခုရှိတယ်။ အဲ့ဒါကတော့ ကျွန်တော်က Fudanshi ဖြစ်သလို ကျွန်တော်ကိုယ်တိုင်လဲ Bromance manga တွေရေးတဲ့ နာမည်ကြီး author OceanV လဲ ဖြစ်ပါတယ်။ ကျွန်တော် အသက်13 ကတည်းက ကျောင်းတစ်ဖက်နဲ့ Bromance manga လေးတွေ စရေးဖြစ်ခဲ့တယ်။ ကျွန်တော့်ရဲ့ ဇာတ်လမ်းလေးက websiteမှာ လူကြိုက်များရာကနေ ကျွန်တော့် အသက် 15နှစ်မှာ ကျွန်တော်အကြိုက်ဆုံး စာအုပ်တိုက်က ကျွန်တော့အား ကမ်းလှမ်းလာတာကြောင့် ကျွန်တော့် Manga လေးက စာအုပ်အဖြစ် သုံးလ တစ်ခါ ထွက်လာခဲ့တယ်။ ကျွန်တော့် manga website မှာတော့ စာအုပ်ထွက်ပြီး နှစ်ရက်ဆို အမြဲတင်လေ့ရှိတယ်။

ဒီလိုနဲ့ ကျွန်တော်ထုတ်သမျှ manga တွေက အမြဲ Best seller list ထဲမှာ ပါသလို ကျွန်တော့် website comment ထဲမှာဘဲဖြစ်ဖြစ် အပြင်လောကမှာ ဖြစ်ဖြစ် ကျွန်တော် manga လေးတွေကြိုက်ကြောင်း review ဖတ်ရ ကြားရရင် ကျွန်တော်ရဲ့ မူပိုင် လေးထောင့်ဆန်တဲ့ အပြုံးလေး အမြဲပေါ်ပေါက်လာတယ်။ နောက်တစ်ခုကကျွန်တော်က Fudanshi ဖြစ်တဲ့အလျောက် Bromance mangaနဲ့ novel တွေဖတ်တဲ့ လူတစ်ယောက်ပါ။ ဒါပေမယ့် ကျွန်တော် Bromance manga ရေးတာ ကျွန်တော်နဲ့စာအုပ်တိုက်က Editor ကလွဲ၍ ဘယ်သူမှ မသိကြပါ။

နောက်လျှို့ဝှက်တစ်ခုကတော့ ကျွန်တော်က Bromance ရေးတဲ့နေရာမှာသာတော်ပြီး လူကြိုက်သာများတာ။ တကယ့် အပြင်လောကမှာ ကျွန်တော့်ရဲ့ အချစ်ရေးက Zero level။ ကျွန်တော် ချစ်သူလဲ မထားဖူးသလို အချစ်ရေးအတွက် တစ်ခါမှ မစဉ်းစားဖူးဘူး။ ကျွန်တော့်ရဲ့ ချစ်သူက မိန်းကလေးဖြစ်ရမယ်၊ ယောကျာ်းလေးဖြစ်ရမယ်လဲ မဆိုလိုဘူး။ အချစ်မှာ မျက်စိမှာ မပါတာ။ ဆိုတော့ ကျွန်တော့် mangaတွေထဲကလို ကျွန်တော် လူတစ်ယောက်ကို ချစ်ဖူးချင်ပါတယ်။

You've reached the end of published parts.

⏰ Last updated: May 23, 2022 ⏰

Add this story to your Library to get notified about new parts!

Fall in love in 5 secondsWhere stories live. Discover now