အပိုင်း(၆)

Start from the beginning
                                    

" ငြိမ်လှချည်လား အဝေ "

" နည်း နည်း ခေါင်းနောက်နေလို့ပါထွေးငယ်"

"လာအဝေ"

"အဟင်း "

စားပွဲမှာ နေရာတကျထိုင်ရင်းစာဖတ်ဖို့ပြင်နေတဲ့ ထွေးဟာ နဘေးနားက အဝေ့ကို လှမ်းပြောတော့ ခေါင်းနောက်နေသည်ဆိုသော အမျိုးသမီးအတွက် မှီစေရန် ပုခုံးလေး ပုတ်ပုလာတဲ့ ထွေးဟာ ချစ်စရာပင်
ထို့နောက် မျက်နှာမဲ့မဲ့လေးနဲ့ ထိုင်နေတဲ့ ယွန်းကိုပါလွတ်နေတဲ့ ပုခုံး ပုတ်ပြတော့ယွန်းခေါင်းဟာ ထွေးရဲ့လွတ်နေတဲ့ပုခုံးပေါ်ခပ်သာသာနေရာယူလာသည်။

တိုင်ကပ်နာရီကြီးက တတောက်တောက်အသံနဲ့အတူ ဒီ အမျိုးသမီးနှစ်ယောက်အနားနေရမယ့် အချိန်တွေ တစ်စက္ကန့်ဆိုလည်း တစ်စက္ကန့်ပေါ့ အဝေမက်မောပါသည်။
ထွေး၏ ပုခုံးပေါ်မှီထားသော ယွန်းတစ်ယောက်မှာတော့စာကြည့်တိုက်ထဲ လာပြီး အိပ်နေလေပြီဖြစ်သည်။

" ချစ်တယ်..."

"ဟင်!!!"

"နှစ်ယောက်လုံးကို ချစ်တယ် "

"ထွေးလည်း ချစ်ပါတယ်အဝေ"

သူငယ်ချင်းလား ဒါမှမဟုတ် ညီအမသံယောဇဉ်လား ထွေးငယ်
ဟင့်အင်း အဝေဆိုလိုတာ ဒီလိုမှ မဟုတ်ဘဲဟာ
တိတ်ဆိတ်သွားတဲ့အခါ လေထုက သူတို့သုံးယောက်ကြား ထူထပ်လာသည်။

တကျွတ်ကျွတ်သစ်ရွက်ခြောက်တွေနင်းသံ
လေတိုက်လို့သစ်ရွက်တွေ ရိုက်ခတ်သံကလွဲလို့ ဒီနေ့ရဲ့ အိမ်ပြန်လမ်းတွေဟာ တိတ်ဆိတ်လွန်းသည်။
တစ်ခါတစ်လေ တစ်ချို့ နွေဦးတွေက ပူလောင်ကြောင်း ထွေးလက်ခံရပေမည်။
အထူးသဖြင့် သူ့ဘေးနား က အမျိုးသမီးနှစ်ယောက်ကို သူ့စီက ပြောက်ကွယ်သွားမှာစိုးထိတ်နေတဲ့အခါမျိုးမှာပေါ့

" ဒါတွေထပ်ယူလာပြန်ပြီလား အဝေ့ကို ထွေးငယ် ကတိပေးထားတယ်လေ!!"

"ကတိဆိုတာ စကားတစ်ခွန်းဘဲ အဝေ"

"ဘာပြောတာ!!!"

အဝေ့လက်ထဲတွင် ဒီတစ်ခါတော့စာတွေသာ မက ထို အမျိုးသမီးသိပ်ကြိုက်သော နှင်းဆီပန်းတွေပါရှိနေသည်။ အရင်က ပြာပြာသလဲချော့မော့တတ်သော ထွေးသည် အခုတော့ တည်တည်ငြိမ်ငြိမ်ဆိုလာသည်မှာ အဝေပင်တအံ့တဩ ယွန်းသည် ကုတင်ပေါ်ထိုင်ရင်း ထိုနှစ်ယောက်ကြားကနေရူးချင်လာတော့သည်။

'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆွေး' [Complete]Where stories live. Discover now