" ဟူး "

အဆောင်ထဲ ခြေချလိုက်တာနဲ့ နှစ်စရဲ့ လွမ်းဆွတ်‌ဖွယ် အငွေ့အသက်တွေက အလုံးလိုက်အရင်းလိုက်နှလုံးသားထဲ ဝင်ရောက်လာတော့သည်။ မေမေကသာ ဆောင်းဝင်တော့မယ် ပြောနေတာ စိန်ပန်းတွေက အခုမှ အလုအယှက်ပွင့်နေတုန်းပင်ရှိပါသေးသည်။

" အယ် ‌စောတာလား "

"ဟုတ်တယ်အဒေါ် "

"အေးပါ သွားသွား သမီး အခန်းဖော်တွေရော ဒီနေ့ရောက်တာ ထင်တာပါဘဲ "

"ဟုတ်ကဲ့ ကျေးဇူးဘဲနော်အဒေါ်"

ထွေး အဆောင်မှုးကို နှုတ်ဆက်ရင်း
အပေါ်ထပ်တက်လာလိုက်သည်။
အခန်းတံခါး ဖွင့်ကာ မဝင်ခင် ပြတင်းပေါက်က ချောင်းကြည့်တော့ တွေ့ပါပြီ သူ့ မြတ်နိုးရာ‌နှစ်ယောက် တစ်ခုခုကိုလုရင်း ရန်ဖြစ်နေကြတာ ကြောင့် ထွေးတစ်ယောက် ခေါင်းသာရမ်းနိုင်တော့သည်။

"ကျွီ~~"

"ရား !!ပေး ဆောင်း နင်နော် "

"အော် ခုတော့ ဒီ စာလေး တစ်စောင်အတွက် ကျုပ်ကို အော်ရက်ပြီပေါ့်လေ ရပါတယ်ရပါတယ် "

"ဆောင်းကလည်း နင်ဖတ်ချင်ရင်ဖတ်လေဟာ နော်နော် စိတ်မဆိုးပါနဲ့ "

အပေါက်ဝက ထွေးအား မမြင်နိုင် ရန်ပွဲပြင်းထန်နေသည်မှာ ထွေးသည်ခုဘဲ ဝင်ရမလား ပြန်ထွက်ပြီး အပြင်က စောင့်နေရမလား
လမ်းစတွေပါ ပြောက်သွားရတော့သည်။

" အဟမ်း !"

"ထွေးငယ်...!!"

"ထွေး "

" အင့် !!"

နောက်ဆုံးတော့ ချောင်းဟန့်ကာ အသံပေးကာမှ တအံ့တဩ ဖြစ်သွားတဲ့ အမျိုးသမီးနှစ်ယောက်ဟာ ပြေးကာ လာဖက်တာကြောင့် ထွေးမှာ အင့်ခနဲ ဖြစ်သွားရတော့သည်။
အခုမှ အဆောင်အခန်းငယ်ဟာ နွေးထွေးမှုတွေနဲ့ပြန်လည်နေသားကျသွားတော့သည်။

" အာရား လွတ်ပါအုံး ငါချွေးတွေနဲ့ "

"ဘာဖြစ်လဲ ထွေးငယ်ရာ "

"အေးလေ "

အဝေ့နောက်ကနေ လိုက်ထောက်ခံ ပေးနေတဲ့ယွန်းကြောင့် နှစ်ယောက်လုံးကို လက်မြှောက် အရှုံးပေးထားလိုက်ရတော့သည်။
အတော်ကြာမှ လွတ်ပေးလာတာကြောင့် အဝတ်တွေ အရင်နေရာချရင်း ဝယ်လာတဲ့မုန့်တွေ ကြောင်အိမ်ထဲ ထည့်ထားလိုက်သည်။

'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆွေး' [Complete]जहाँ कहानियाँ रहती हैं। अभी खोजें