Part 17 ( U & Z )

Start from the beginning
                                    

"အော်..ကောင်းပြီလေ လိုက်ခဲ့မယ်"

ဒီညတော့ အိမ်မှာစောစောပြန်နားပါမယ်ဆိုမှ မနားရတော့ဘူး။နွယ်က ပထမဆုံးအကူအညီ တောင်းတာမလို့ မကူညီလို့လဲမကောင်း။

​အဟက်!ကြွေရုပ်ရေ အိမ်မှာကိတ်မုန့်လေး
တစ်လုံးကိုင်ပြီး အချိန်ကြာတဲ့အထိထိုင်
စောင့်နေလိုက်ပါအုန်း။ ဒီတစ်ခါတော့ ငါမင်းကို အပိုင်ကြောပြမယ်။စိုင်းနဲ့ငါအိမ်ပြန်လာရင်
မင်းမျက်နှာဘယ်လိုဖြစ်နေလဲဆိုတာကို
သိချင်လွန်းလို့ စိတ်လှုပ်ရှားနေပြီ။

ည၆နာရီ...
ကိုစိုင်းရဲ့အရိပ်အယောင်တစ်ခုမှမတွေ့ရ။

ည၈နာရီ...
ရှေ့မှာချထားတဲ့ ကိတ်မုန့်လေး အရည်ပျော်မှာစိုး၍ ရေခဲသေတ္တာထဲသို့ထည့်ထားလိုက်သည်။ အစည်းအဝေးရှိလို့နောက်ကျနေတာနေမှာပါ။

ည၁၁နာရီ...
"သားစိုင်းက အလုပ်များနေလို့ပြန်မလာသေးဘူး
ထင်တယ် ကြီးမြိုင်တို့နဲ့ပဲ မွေးနေ့ကိတ်
အရင်ခွဲထားကြမယ်လေ"

"ရတယ်ကြီးမြိုင် ကျနော်စောင့်နိုင်သေးတယ်"

ကျနော်စောင့်နိုင်သေးတယ်။အလုပ်များနေလို့ နေမှာ ခဏနေပြန်လာမှာပါ။ မျက်ရည်တွေကို သုတ်ကာ ရေခဲသေတ္တာထဲက မွေးနေ့ကိတ်ကို ထုတ်ကာ ကိတ်ပေါ်ကနေ ဖယောင်းတိုင်စိုက်
လိုက်သည်။

တီ!တီ!

ကားသံကြားတယ်..ပြန်လာပြီထင်တယ်။

"ကြီးမြိုင် မွေးနေ့ကိတ်ပေါ် ဖယောင်းတိုင်ထွန်း ဖို့
မီးခြစ်မြန်မြန်ပေးပါ"

"ဒီမှာမီးခြစ်..သားတို့နှစ်ယောက်တည်း နေဖို့
အတွက်ကြီးမြိုင်ရှောင်ပေးမယ်"

"ဟုတ်ဟုတ်"

​ဖယောင်းတိုင်ကို မီးထွန်းလိုက်ပြီး တံခါးအရှေ့မှာ ကိတ်မုန့်ကိုင်ပြီး မတ်တပ်ရပ်နေလိုက်တယ်။ ပွင့်လာတဲ့တံခါးနှင့်အတူ ဖရိုဖရဲဖြစ်နေသော လူ
နှစ်ယောက်။တစ်ယောက်ရဲ့ လည်ပင်းထက်မှာ အနမ်းအရာတွေ။ အဲ့ဒီမြင်ကွင်းကို ကျနော်ကြည့်ဖို့ ခံနိုင်ရည်မရှိတာကြောင့် လက်ထဲက မွေးနေ့ကိတ်
ဟာ ကြမ်းပြင်ပေါ်သို့ လွတ်၍ကျသွားလေသည်။

'ဝဲ'Where stories live. Discover now