1

2.9K 166 7
                                    

MaGic..... Ep (1)

ဦးဟုန်....... အမေ့အခြေနေ ဘယ်လိုရှိလဲ ရိပေါ်....။

အလောင်းပြင်ပေးနေသော ရိပေါ်အား မေးလာသော ဦးဟုန်စကားကြောင့် အလောင်းကို လက်စသတ်ပြင်ပြီးကာ ဖော်မလင် ထိုးပေးပြီး အဝတ်ဖြူဖြင့်အုပ်ကာ လက်အိတ်ကိုချွတ်လို့ သက်ပြင်းချရင်း ဦးဟုန်ဘက်လှည့်လိုက်တယ်.......

ရိပေါ်........ ဒီလိုပါပဲဦးဟုန်ရယ်...။ သိပ်မသက်သာဘူး ။ စျေးမရောင်းပါနဲ့ပြောလဲ နားမထောင်ဘူး။ဒီကြားထဲ ကျင်းလင် ကတစ်မျိုး။

ဦးဟုန်ကတော့ခေါင်းတငြိမ့်ငြိမ့်နဲ့ ရိပေါ်ပုခုံးကို ခပ်ဖွဖွ ပုတ်လေတယ်....။
လမ်းလျှောက်စကားပြောရင်း ဦးဟုန်ရဲ့ စားပွဲခုံနားရောက်သည့်အခါ အံဆွဲကပွင့်လာပြီး တစ်စုံတစ်ရာက လင်းလက်သွားသည်ကို ထိုသူနှစ်ဦးက မသိလိုက်ပါ.....
.........
........
........
အလောင်းပြင်ခန်းထဲ သိမ်းဆည်းစရာများသိမ်းဆည်းနေတုန်း ဝန်ထမ်းတစ်ယောက်ရောက်လာပြီး ရိပေါ်ကိုလာခေါ်လေတယ်....

ဦးဟုန်....... ဒီနေ့ သေတမ်းစာ ဖတ်ရမဲ့နေ့လေ ရိပေါ်....။

ဦးဟုန်ပြောတာကို ရိပေါ် သက်ပြင်းချရပြန်ပြီ....။
အမှန်တော့ ရိပေါ်သိပါတယ် တမင် မသွားချင်မိတာ...။ ရှောင်းကတော် ဘယ်လောက်ဒေါ်သထွက်နေမလဲ ရိပေါ်သိနေပါတယ်။ နဂိုကတည်းကမှ Boss ရှောင်းကြောင့် ရိပေါ်ကို မျက်မုန်းကျိုးနေပါတယ်ဆို အခု မဆီမဆိုင် ရိပေါ်ကို အမွေပေးခဲ့သေးသည်ဆိုတော့ ရိပေါ် ကိုယ့်အတွက်ကို ရင်လေးမိပါရဲ့....။
......
........
.......
ရှေ့နေက သေတမ်းစာ စဖတ်ခဲ့သည်....

.... ရှောင်းစံအိမ်တော် အပန်းဖြေစခန်း ၃ ခု ကွန်ဒို ၆ ခု company. Share 35% နှင့် ယွမ် သန်းတစ်ထောင်အား သားဖြစ်သူ ရှောင်းရှောင်ကျန့် အားပေးအပ်သည်....

လက်ဝတ်လက်စားနှင့် company share  35%နှင့် မြို့ထဲ၌ ရှိသော ၆ခန်းတွဲ တိုက် ၂ လုံးအား ဇနီးဖြစ်သူ ရှောင်းလျဲ့ အား ပေးအပ်သည်....

Company. Share 30% နှင့် မြို့စွန်နားရှိ ကွန်ဒိုတစ်ခန်းအား ဝမ်ရိပေါ်ကို ပေးအပ်သည်...။ သို့သော် ဝမ်ရိပေါ်သည် Haven မှ အလုပ်ထွက်ခွင့်မရှိ အလုပ်ထွက်ခဲ့ပါက မူလပိုင်ရှင် ရှောင်ကျန့်အားပြန်လည် လွဲပေးရပါမည်.......။

Magic Love (Complete)Where stories live. Discover now