အပိုင်း (၄)

Start from the beginning
                                    

" ဒီမှာတော့ ဂီတာ တီးမယ့်လူ မရှိဘူးနော် ထွေး"

"အဟွန်း ဒီတစ်ခါ ပိတ်ရက် အိမ်ပြန်ရရင် ဂီတာ ယူခဲ့မယ် "

"ထွေးငယ်က တီးတတ်တယ်လား "

" ဖေဖေ သင်ပေးထားတာလေဟီး ငါကနင်တို့ရဲ့ သံစဉ်တွေတီးမယ့်လူပေါ့ဟ ဂီတာပိုင်ရှင်အခြား မလိုတော့ဘူးမလား "

အမှောင်ရိပ်ထဲမှာ အမျိုးသမီးသုံးယောက်၏ အပြုံးများဟာတော့ တောက်ပနေခဲ့သည်။
ကောင်းကင်ယံက လမင်းဖွေးဖွေးဟာလည်း န‌ဘေးက ကြယ်ရောင်စုံများနဲ့ ဝင့်ဝင့်ကြွားကြွား
အဆောင်အခန်းလေးထဲ ပျံ့လွင့်နေတဲ့ ရေဒီယိုက အသံထက် မတရားစွာဘဲ အဝေနဲ့ ယွန်းမှာတော့ ထွေးဆိုသည့် အမျိုးသမီး၏ ခပ်တိုးတိုးအသံလေးကိုသာ သီးသန့် ကြားပါသည်တဲ့

" မနက်ကြ ကံ့ကော်ပန်းတွေ ဝယ်လို့ ရရင်ကောင်းမှာဘဲ "

"ပန်ချင်လို့လား "

"အင်း "

ခေါင်းလေး အသာငြိမ့်ပြလာတဲ့ ထွေးရဲ့ ခေါင်းတွင်လည်း မဖြုတ်ရသေးသော ပန်းခပ်ညိုးညိုးတို့နေရာယူထားသည်။
ထို အမျိုးသမီး၏ ဆံသားတွေထက်တွင် ပန်းတွေကတော့ တစ်နေ့ တစ်မျိုး မရိုးရအောင်နေရာယူလျက်ရှိသည်။
အဝေက ယွန်းထဲက လက်ဖက်သုပ် ခိုးစားလိုက်ရင်း

" ထွေးငယ်က ပန်းတွေ ကြိုက်တယ်နော် "

"ဒီကမ္ဘာမှာ ဘယ်အရာကို အကြိုက်ဆုံးလဲလို့ ထွေးကိုမေးလာရင်တော့ ထွေးက ပန်းတွေလို့ဘဲ ဖြေလိုက်မယ် "

အခုချိန်လာမေးရင်တော့ မျက်စိရှေ့က အမျိုးသမီးနှစ်ယောက်ကိုသာ ထွေး လက်ညိုးထိုးပြမိမှာပါ
ဒီနွေဦးလေးတွေ သူ့ဘဝထဲရှိနေမှသူ့ရင်ထဲက ပန်းတွေလည်းလှလှပပ ပွင့်လာ နိုင်မည်မလား အခွင့်အခါ မသင့်သေးသည့်အတွက်တော့ ထိုခံစားချက်များကို ရင်ထဲ၌သာ သိမ်းထားအုံးမည်ဖြစ်သည်။

ထွေးသည် အမျိုးသမီးနှစ်ယောက်ကိုစာဖတ်နေရင်းမှ မျက်လုံးလေးလှန်ကာ ခိုးကြည့်တော့ ထို‌နှစ်ယောက်သည် တစ်ယောက်ပုခုံး တစ်ယောက်မှီကာ အိပ်နေကြပြီဖြစ်သည်။
ခေါင်းရမ်းကာ ပြုံးလိုက်ပြီးအသာထလိုက်သည်။
ထို့နောက် အသေအချာ အိပ်ယာမှာနေရာချပေးကာ ခြင်ထောင်ပါ ထောင်ပေးလိုက်သည်။ ကျန်နေတဲ့လက်ဖက်တွေ တစ်တို့ နှစ်တို့ယူစားကာ မီးရောင် သေးသေးလေး အားကိုးရင်း ထွေးတစ်ယောက်စာဖတ်နေတုန်းပင်
ဒီ အမျိုးသမီးနှစ်ယောက်အနား ရှိနေသ၍ သေချာတာကတော့ မနက်ဖြန်တိုင်းက လှပနေအုံးမည်ပင်

'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆွေး' [Complete]Where stories live. Discover now