"ငါမင်းနဲ့ဆက်မပေါင်းနိုင်တော့ဘူး
မင်းငါ့ကိုကွာပေးရင်ဘာမှမယူဘဲထွက်သွားပေးမယ် ငါနဲ့ငါ့မားဘာမှမယူဘူး"

"တောက်!! ငါကွာ.."

ခွမ်း..ဒုန်း

ဝမ်ရိပေါ်ကရှောင်းကျန့်ကိုလည်းမရိုက်ရက်တော့ဘေးနားကပစ္စည်းတွေပေါ်မှာဘဲဒေါသတွေကိုပုံချ၏။

"မကွာဘူး ခင်များကိုကွာပေးဖို့ယူထားတာမဟုတ်ဘူး!"

"ခင်များ ခင်များဗျာ!"

ဒုန်း..

ဝမ်ရိပေါ်ကတံခါးကိုပြန်ဆောင့်ပိတ်ပြီးထွက်သွားခဲ့သည်။ ဝမ်ရိပေါ်ကအပြင်ဘက်မှာပေတေတေရပ်စောင့်နေတဲ့ချောင်ချန်းကိုမြင်တာနဲ့ခြေလှမ်းတွေရပ်သွား၏။

"ချောင်ချန်း ငါ့နောက်ကလိုက်ခဲ့
ငါမင်းကိုမေးစရာရှိတယ်"

ဝမ်ရိပေါ်မျက်နှာကရေခဲတမျှအေးစက်နေသည်မို့ချောင်ချန်းကတိတ်တိတ်လေးဘဲနောက်ကလိုက်လာခဲ့၏။

"မင်းသခင်လေးဘာဖြစ်နေတာလဲ ငါ့ကိုပြော!"

"ရိပေါ်ကောလုပ်ထားတာဘဲ ရိပေါ်ကောသိရမှာပေါ့"

ချောင်ချန်းကလည်းသူ့သခင်လေးခံစားနေရတာမို့ရိပေါ်အပေါ်အမြင်မကြည်တော့။

"ငါက ငါအဲ့နေ့ကသူ့ကိုလက်ပါမိမှာစိုးလို့!
ဒီတစ်ရက်နှစ်ရက်အိမ်ပြန်မလာတာ
သူကအဲ့ကိစ္စကိုကောက်နေတာလား
ငါ့ကိုမင်းသခင်လေးကွာရှင်းမယ်ဘာညာလုပ်နေတယ် ကွာရှင်းဖို့ယူထားတာမှမဟုတ်တာ!"

"အဲ့ဒါကြောင့်မဟုတ်ဘူး
တကယ်ဆိုအဲ့ကိစ္စကလည်းသခင်လေးအမှားမှမဟုတ်တာ
ရိပေါ်ကောကအမြဲတမ်းသခင်လေးကိုစောင့်ကြည့်နေတာဘဲ
သခင်လေးကဘာလို့တခြားတစ်ယောက်ကိုတားဆေးပေးမှာလဲ
သောက်မယ့်သောက်သူဘဲသောက်မှာပေါ့"

"ဘာ! ဘာ!"

ချောင်ချန်းကစကားမှားသွားလို့သူ့ပါးစပ်သူအမြန်အုပ်လိုက်ရသည်။ ဒါပေမယ့်ပြောပြီးသားစကားကိုပြန်နှုတ်လို့မရတော့။ ဝမ်ရိပေါ်မျက်နှာကတကယ်အလေးအနက်ဖြစ်သွားခဲ့ပြီ။

"ဟုတ်တယ်! သခင်မကြီးကသခင်လေးကိုယ်ဝန်ရသွားမှာစိုးလို့တိုက်ထားတာ!
ဒါပေမယ့်သခင်လေးမှာကိုယ်ဝန်ရှိနေပြီ
ဒါတောင်ရိပေါ်ကောကသခင်လေးကိုဖောက်ပြန်ရဲသေးတယ်!
ကျွန်တော်ဆိုလည်းကွာရှင်းခွင့်တောင်းမှာဘဲ!"

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)जहाँ कहानियाँ रहती हैं। अभी खोजें