တကယ်လို့ ဒါကသာ အခုအခြေအနေမှန်ဖြစ်နေခဲ့ရင် အစကတည်းက နန်ဟွိုင်လင်ရဲ့သဘောထားကို ရှင်းရှင်းလင်းလင်းသိသွားအောင် လုပ်ပေးထားတာက ပိုကောင်းလိမ့်မယ်။ ဒီလိုလုပ်ထားမှသာ နောက်ကျရင် တခြားမလိုလားအပ်တဲ့ ဘယ်သဘောထားကွဲလွဲမှုမျိုးကိုမဆို ရှောင်ကျဥ်နိုင်မှာဖြစ်တယ်။

နန်ဟွိုင်လင် ရှန်မင်အန်ရဲ့မျက်လုံးကို တည့်တည့်စိုက်ကြည့်ပြီး ရိုးရိုးရှင်းရှင်းနှင့် ပွင့်ပွင့်လင်းလင်းပဲပြောလိုက်တယ်။

"ဘာလို့လဲဆိုတော့ ကျတော်က ကျတော့်ရဲ့ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနဲ့ပဲရလာတဲ့ သန့်စင်တဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ချင်တာ"

တခြားဘယ်အရာကိုမှထပ်မပြောဘဲ ရှန်မင်အန်က သူ့ကို တိတ်ဆိတ်စွာစိုက်ကြည့်နေတယ်။

အချိန်တစ်ခုလောက်ထိကြာသွားပြီးတဲ့နောက်မှာ သူမက ရေးရေးလေးပြုံးလာပြီး စကားဆက်တယ်။

"ငါ မင်းကို နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးချင်တယ်။ ကြယ်နိုင်ငံရဲ့ ဒုတိယယောက်ျားလေးဇာတ်ကောင်နေရာကို မင်း ဘယ်လို ရခဲ့တာလဲ?"

"သရုပ်ဆောင် ရွေးချယ်ပွဲကနေ"

ရှန်မင်အန်က ရွတ်နောက်နောက်ပြုံးလာခဲ့တယ်။ "အဲ့လောက် ရိုးရှင်းလား?"

"အဲ့လောက်ကို ရိုးရှင်းတယ်"

ရှန်မင်အန်က ဒါကိုမယုံဘူးဆိုတာ လုံးဝကိုအသိအသာကြီးပဲ။ "ငါတို့က အခုကစပြီး အလုပ်အတူတူလုပ်ကြရတော့မှာ။ မင်း ငါ့ကို နောက်ဆုံးသိသင့်တဲ့အချက်တစ်ခုခုကို ပေးမယ်လို့ ငါ မျှော်လင့်တယ်။ မင်းရဲ့ ကျောထောက်နောက်ခံက ဘယ်သူလဲ?"

နန်ဟွိုင်လင် စိတ်တွေမဆိုသလောက် တိုလာပြီ၊ တစ်ချက်တစ်ချက် ဟားတိုက်ပြီးတော့တောင် ရယ်ပစ်ချင်တယ်။ ဒါပေမယ့် အခုအခြေအနေက ပိုပြီးကူကယ်ရာမဲ့လာသလိုပဲ။ "ကျတော့်ကို ထောက်ပံ့ခဲ့တဲ့သူတစ်ယောက်သာ ရှိခဲ့မယ်ဆိုရင် သုံးနှစ်ကြီးများတောင် မထင်မရှား ဇာတ်ကောင်နေရာတွေမှာ သရုပ်ဆောင်ခဲ့ရမှာကို မဟုတ်ဘူး၊ ခင်ဗျား ကျတော့်ကို တကယ်ပဲ အထင်ကြီးလွန်းနေပြီထင်တယ်"

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Tempat cerita menjadi hidup. Temukan sekarang