ဒါပေမယ့် နောက်နေ့မနက်ခင်းစောစောမှာ ရုံးခန်းက ဖုန်းခေါ်ဆိုမှုတစ်ခုကို နန်ဟွိုင်လင် လက်ခံရရှိခဲ့တယ်။

တစ်ဖက်က လူရဲ့ပြောကြားချက်အရ သူမက သူ့ရဲ့မန်နေဂျာအသစ်ဖြစ်ပြီး နာမည်က ရှန်မင်အန်လို့ခေါ်တယ်။ နောက်ပြီး နန်ဟွိုင်လင်ကို ရုံးခန်းမှာ တစ်ယောက်ကိုတစ်ယောက်မျက်နှာချင်းဆိုင်ဆုံတွေ့ကြဖို့ ပြောလာတယ်။ နန်ဟွိုင်လင် တက်နိုင်သမျှမြန်မြန် ရုံးကို အရောက်သွားပြီး ရှန်မင်အန်ရဲ့ ရုံးခန်းဆီကို တန်းသွားလိုက်တယ်။ သူ့ရဲ့မန်နေဂျာအသစ်က အရမ်းကောင်းတဲ့တစ်ယောက်ပါပဲ။

" ထိုင်ပါ " ရှန်မင်အန်ရဲ့အကြည့်တွေက နန်ဟွိုင်လင်အပေါ်ကို ကျရောက်နေကာ မလှုပ်မယှက်သူ့ကို့အကဲဖြတ်ပြီး စိတ်ထဲသုံးသပ်ချက်တွေချနေသလိုပဲ။

နန်ဟွိုင်လင် မသိမသာလေး အနေအထိုင်ကျဥ်းကြုတ်သွားသလို ခံစားရတယ်။ ဘာပြောလို့ပြောရမှန်းလည်း မသိတော့ဘူး။ ရှန်မင်အန်ကလည်း တိတ်ဆိတ်နေတုန်းပဲ။ နှစ်ယောက်ကြားကလေထုကတော့ အချိန်ခနလောက်ထိ နည်းနည်းလေး ကို့ယို့ကားယားနိုင်နေတယ်။

တစ်မိနစ်ကျော်ကျော်ထိ တိတ်ဆိတ်မှုအပြီးမှာ ရုတ်တရက် ရှန်မင်အန်က ထပြီး စကားပြောလာတယ်။

"ငါ မင်းအကြာင်းကိုကြားထားပြီးပြီ"

နန်ဟွိုင်လင် ကြောင်အသွားရတယ်။ ဒါက...ဒါကြီးက သူထင်ထားခဲ့တာနဲ့ နဲနဲများ တခြားစီဖြစ်နေသလားလို့ ဟုတ်တယ်မလား?

ရှန်မင်အန်က ဆက်ပြောနေတယ်။ "ငါ ကြားခဲ့တာက GB Groupက မင်းသားလေးက မင်းကိုထောက်ပံ့ချင်နေတယ်။ ဒါ ပေ မယ့် မင်းက ငြင်းလိုက်တယ်တဲ့။ အဲ့တာ ဘာကြောင့်လဲဆိုတာ မင်း ငါ့ကို ပြောပြနိုင်မလား? မင်းလွှတ်ချခဲ့တာက တခြားသူတွေတောင် လိုက်ရှာလို့မရနိုင်တဲ့ ဒီလိုကြီးမားတဲ့ အခွင့်အရေးကြကိုနော်။ ဒါပေမယ့်..မင်း အဲ့တာကို လုံးဝ လွှတ်ချခဲ့တာ"

နန်ဟွိုင်လင် ရုတ်တရက် အေးစိမ့်လာမှုအနည်းငယ်ကို ခံစားနေရတယ်။

ရှန်မင်အန်က ဒီအရိပ်အမြွက်ပါတဲ့မေးခွန်းတွေကို ဟယ်တင်းဟုန်လို မေးရတဲ့ အကြောင်းအရင်းက သူမကလည်း ဒါမျိုးလှည့်ကွက်တွေကို အသုံးပြုပြီး နာမည်ကြီးအောင် လုပ်ဖို့လို့ ဆိုလိုချင်တာလား?

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now